(၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်အခမ်းအနား ယောဂသရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကျင်းပ
(၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်အခမ်းအနား ယောဂသရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကျင်းပ
Ministry of Information/ Naypyitaw / June 16, 2025

နေပြည်တော် ဇွန် ၁၅
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့ ပူးပေါင်းစီစဉ်မှုဖြင့် ယနေ့နံနက် ၆ နာရီတွင် နေပြည်တော် သတ္တသတ္တာဟ မဟာဗောဓိစေတီ တော်ရင်ပြင်၌ ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ် အခမ်းအနားယောဂသရုပ်ပြ လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်သည်။
ထိုအစီအစဉ်သို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ်၊ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယသံအမတ်ကြီးနှင့်အတူ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ရင်ပြင်၌ (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်အား အမှတ်တရဂုဏ်ပြုစိုက်ပျိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။
Announcement
ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်
Ministry of Information / Posted on July 13, 2025
နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌...
အသိပေးကြေညာခြင်း
Naypyitaw Development Committee / Posted on July 11, 2025
ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
Ministry of Information / Posted on July 10, 2025
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့်...