(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ


Ministry of Information/ Naypyitaw / February 11, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၀

၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့က နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အလှူရှင်များ၊ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားအဖွဲ့မှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် ငွေကျပ်သိန်း ၇၀၀ ပေးအပ်လှူဒါန်းခဲ့သည့် အောင်မြန်မာဟိန်း ကုမ္ပဏီလီမိတက်မှ ဦးရဲမင်းသူထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်တို့က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဂုဏ်ပြုပွဲတွင် ဂုဏ်ပြုဆု ချီးမြှင့်ရန်အတွက် ငွေကျပ်သိန်း ၁၀၀ စီ ပေးအပ်လှူဒါန်းခဲ့သည့် သိရောမဏိကုမ္ပဏီလီမိတက်နှင့် မဟာရွှေဇမ္ဗူကုမ္ပဏီလီမိတက်မှ ဒေါက်တာဇော်ထွန်းနိုင်နှင့် စီးပွားရေးလုပ်ငန်းရှင် ဦးလောတီတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက အမျိုးသမီး(-၇၈) ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် အေးအေးအောင်၊ အမျိုးသား (-၅၅) ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့သည့် ထိုက်ထိုက်ကျော်၊ အမျိုးသားနှစ်ယောက်တွဲ ခတ ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့သည့် လရောင်ရှန်နှင့် လှိုင်မင်းခန့်၊ အမျိုးသား+အမျိုးသမီး အသင်းလိုက် (Mixed Team) ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမားများ၊ (-၅၇)ခတနှင့် အတိုက် ပြိုင်ပွဲနှစ်ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီး အငယ်ဆုံးအားကစားသမားဆုရရှိသည့် အိအိသဇင်ဇော်တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြပြီး ဆုရအားကစားသမားများကိုယ်စား ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ရရှိခဲ့သည့် အေးအေးအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲတွင် မြန်မာနိုင်ငံဂျူဒို အားကစားအဖွဲ့ချုပ်အနေဖြင့် ဂျူဒိုအားကစားနည်း ဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အောင်ပွဲရမြန်မာ ဂျူဒိုနည်းပြများနှင့် အားကစားသမားများအတွက် စုစုပေါင်း ငွေကျပ်သိန်း ၂၃၀ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် ယမန်နေ့က ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ ကျင်းပသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ တက်ရောက်အားပေးခဲ့ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးများနှင့် အမှတ်ပေးဒိုင်လူကြီးများက ပြိုင်ပွဲဝင်အသင်းများ ခင်းကျင်းထားသည့် ပါဝင်ပစ္စည်းများနှင့် အချိုးအစားအလိုက် ပြင်ဆင်ထားရှိမှုကို စစ်ဆေးအတည်ပြုကြပြီး ပြိုင်ပွဲကို စတင်ကျင်းပသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဌာနခွဲများအလိုက် ကိုယ်စားပြုအသင်းများ၏ ထမနဲထိုးယှဉ်ပြိုင်နေမှုနှင့် ဝန်ထမ်းများက အဖွဲ့လိုက်ပြိုင်ပွဲဝင်အသင်းများအား သံချပ်များ၊ အိုးစည်၊ ဒိုးပတ်များဖြင့် အားပေးနေမှုကို ကြည့်ရှုအားပေးကြပြီး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကြည့်ရှုအကဲဖြတ် အမှတ်ပေးကာဆုရရှိ သည့် အသင်းများအား ဆုံးဖြတ်ရွေးချယ်ပေးသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက နှစ်သိမ့်ဆုနှင့် ဂုဏ်ပြုဆုများရရှိခဲ့သည့် အသင်းများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က တတိယဆုရရှိသည့် အားကစားနှင့်ပညာရေး ပေါင်းစပ်ဌာနခွဲအသင်းကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက ဒုတိယဆုရရှိသည့် ယှဉ်ပြိုင် ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) အသင်းကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပထမဆုရရှိသည့် စီမံရေးရာနှင့်ဘဏ္ဍာ ရေးရာဌာနခွဲအသင်းကိုလည်းကောင်း ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Ministry of Transport and Communications / Posted on February 11, 2026

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on February 11, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on February 09, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023