(၃၇)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / March 05, 2026


(၃၇)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၅-၃-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ ရေဆင်း၌ ကျင်းပ ပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေဆင်းတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစား သစ်တောအရာရှိကြီးများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ သုတေသနစာတမ်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပညာရေးနှင့် သုတေသန ဖွံ့ဖြိုးရေးသည် အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ အရည်အသွေးရှိသည့် သုတေသနစွမ်းဆောင်ချက် တစ်ခုသည် နိုင်ငံလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း၊ သဘာဝသယံဇာတများကို စနစ်တကျ စီမံအုပ်ချုပ်နိုင်ရေးနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးအတွက် သုတေသနလေ့လာမှုများ ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ကြောင်း၊ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် Research and Development ကဏ္ဍသည် အရေးပါ ကြောင်း၊ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသန ဖွံ့ဖြိုး တိုးတက်ရေးကို အထူးအလေးထား မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

ယနေ့ရင်ဆိုင်နေရသည့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများအား ချဉ်းကပ်မှု ပုံစံသစ်များဖြင့် သုတေသနပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ သတ္တုကဏ္ဍတွင်လည်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအနည်းဆုံးနှင့် ရေရှည်တည်တံ့ စေသော သတ္တုတူးဖော်မှု ( Green Mining and Sustainable Mining) ဖြစ်စေရန်နှင့် ဈေးကွက် ဆိုင်ရာ သုတေသနများအား လေ့လာဖော်ထုတ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနအကြံပေးကော်မတီကို ဖွဲ့စည်း ပေးခဲ့ပြီး ကဏ္ဍ ၃ ရပ် ပူးပေါင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် အကျိုးရှိ သည့် သုတေသနရလဒ်ကောင်းများစွာ  ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်းနှင့် သုတေသီများအနေဖြင့် ဌာနနှင့်နိုင်ငံအတွက် လက်တွေ့အကျိုးရှိစေမည့် အသုံးချသုတေသန ရလဒ်များ ပေါ်ထွက်လာအောင် ကြိုးပမ်း အားထုတ်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသည့် သုတေသန စာတမ်း ပိုစတာများအား လှည့်လည်ကြည့်ရှုရာ သက်ဆိုင်ရာစာတမ်းရှင်များက သုတေသန တွေ့ရှိချက်များ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ယခု စာတမ်းဖတ်ပွဲတွင် သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍဆိုင်ရာ စာတမ်းပေါင်း(၂၇)စောင်ကို ၅-၃-၂၀၂၆ ရက်မှ ၆-၃-၂၀၂၆ ရက်နေ့ အထိ ၂ ရက်ကြာ ဖတ်ကြားသွားမည်ဖြစ်သည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video