(၆၆) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
(၆၆) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / March 24, 2026
နေပြည်တော် မတ် ၂၃
(၆၆) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၅)၌ ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းနယ်ပယ်နှင့် သက်ဆိုင်သောဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် အခမ်းအနားများအား နှစ်စဉ် မတ်လ ၂၃ ရက်နေ့ ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်ပါကြောင်း၊ ယခု ၂၀၂၆ ခုနှစ် ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်သည် “သဘာဝဘေး ကာကွယ်ဖို့ နေ့စဉ်တိုင်းတာစောင့်ကြည့်စို့” (Observing Today, Protecting Tomorrow) ဖြစ်ပါကြောင်း၊ လက်ရှိကမ္ဘာတစ်ဝန်းတွင် မြေငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ လေမုန်တိုင်း တိုက်ခတ်ခြင်းနှင့် တောမီးလောင် ကျွမ်းခြင်းများကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှု တိုးလာနေပါသဖြင့် နေ့စဉ်စောင့်ကြည့် တိုင်းတာခြင်းနှင့်အတူ ကြိုတင်ပြင်ဆင်ခြင်းဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန် အရေးကြီးပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် မိုးလေဝသနှင့်ဇလဗေဒသတင်းများကို နေ့စဉ်စောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် အရေးကြီးဆုံးအချက်မှာ ‘‘တိကျသော တိုင်းတာရေး မှတ်တမ်းအချက်အလက်” များသာဖြစ်ပါကြောင်း၊ သဘာဝဘေး ကာကွယ်ရေးသည် အစိုးရ သို့မဟုတ် အဖွဲ့အစည်း တစ်ခုချင်းစီတို့မှ ဆောင်ရွက်ခြင်းထက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ခြင်းဖြင့် အနာဂတ်ကာလများတွင် သဘာဝဘေးအန္တရာယ်များကြောင့် အသက်၊ အိုးအိမ်ပျက်စီး ဆုံးရှုံးမှုများကို ကာကွယ်နိုင်မည်ဖြစ်ပါသောကြောင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနား ဆောင်းပါး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ဆုများချီးမြှင့် ပေးအပ်ပြီး ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သော သဝဏ်လွှာ ဗီဒီယိုနှင့် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် Video Clip တို့ကို ကြည့်ရှုအားပေးပြီး ဧည့်သည်တော်များနှင့်အတူ ခင်းကျင်းပြသထားသည့် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစီး၍ မိုးလေဝသ၊ ဇလဗေဒ၊ ငလျင်ဘာသာရပ်ဆိုင်ရာ စာတမ်း ၂၈ စောင်ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ လက်အောက်ရှိ ဦးစီးဌာနများမှ အရာထမ်း /အမှုထမ်းများ၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ မြန်မာနိုင်ငံမြေငလျင်ကော်မတီနှင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းတို့မှ ပညာရှင်များ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများက ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံတွင် စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ချက်
Ministry of Information / Posted on March 22, 2026
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။
အပတ်စဉ်ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာ
Ministry of Information / Posted on March 22, 2026
၁။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ စုံ ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူသည့်စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော်အစိုးရအနေဖြင့်လည်း စက်သုံးဆီတင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် လုံလောက်သော...
