AI နည်းပညာအခြေခံ လုပ်ငန်းခွင်အသုံးချမှုသင်တန်းဖွင့်ပွဲကျင်းပ


Ministry of Information/ Naypyitaw / January 29, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၈

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန AI နည်းပညာ အခြေခံလုပ်ငန်းခွင်အသုံးချမှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာတင်ဖုန်းကျော်နှင့် အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ ၂၁ ရာစု နည်းပညာခေတ်တွင် သတင်းအချက်အလက် နည်းပညာများမှာ ဒစ်ဂျစ်တယ်ပလက်ဖောင်းအသွင် အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်လျက်ရှိသကဲ့သို့ အဆိုပါပလက်ဖောင်းတွင် Artificial Intelligent(AI) နည်းပညာသည်လည်း လူသားများ၏ နေ့စဉ်ဘဝလုပ်ငန်းများတွင် မရှိမဖြစ်နည်းပညာတစ်ခုအဖြစ် နေရာယူလာပါကြောင်း၊ နိုင်ငံတကာတွင် လူ့စွမ်းအား၊ စက်မှုစွမ်းအားများလျှော့ချပြီး AI နည်းပညာနှင့်အစားထိုး၍ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် စက်မှုလက်မှုကဏ္ဍတို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည့်အပြင် လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာကဏ္ဍများတွင်လည်း အသုံးပြုလာသည်ကို တွေ့ရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုးတက်ပြောင်းလဲလာသော AI နည်းပညာများကို လေ့လာသင်ယူပြီး ရုံးလုပ်ငန်းခွင်နှင့် မိမိတို့၏ နေ့စဉ်ဘဝများတွင် လက်တွေ့ပြန်လည်အသုံးချနိုင်ရန် လိုအပ်ပါကြောင်း။

နိုင်ငံတော်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်း/ ဝန်ကြီးဌာနအသီးသီး၏လုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားဉာဏ်ရည်တု နည်းပညာအခြေပြု စီမံကိန်းများရေးဆွဲ၍ “အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီ” ဖွဲ့စည်းပြီး AI ကို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတွင် အကျိုးရှိစွာအသုံးချနိုင်ရေး၊ နိုင်ငံသားများ လိုက်နာရမည့်ကျင့်ဝတ်များ၊ စံနှုန်းများ၊ စည်းမျဉ်းများကို သိရှိနိုင်ရေး၊ ဒေသတွင်း ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ကျွမ်းကျင်သော လူသားအရင်းအမြစ်များမွေးထုတ်နိုင်ရေး၊ နိုင်ငံတကာနှင့်ချိတ်ဆက်၍ စနစ်တကျဆောင်ရွက်နိုင်ရေးတို့အတွက် အမျိုးသားအဆင့် ဉာဏ်ရည်တုနည်းပညာဆိုင်ရာမဟာဗျူဟာ နှင့် မူဝါဒတို့ကို ရေးဆွဲလျက်ရှိပါကြောင်း၊ AI နည်းပညာ ကို အသုံးပြုချိတ်ဆက်ပြီး e-Government ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရေး၊ မိမိဌာနနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစဉ်ရှေးရှု၍ တိုးတက်ပြောင်းလဲနေသည့် ICT နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးကာ မျှော်မှန်းထားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာ တင်ဖုန်းကျော်က မိတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 27, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on January 29, 2026

ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

Ministry of Information / Posted on January 29, 2026

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on January 28, 2026

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023