ICJ နိုင်ပြီလေ


Ministry of Information/ Naypyitaw / January 16, 2026
image_latest


ICJ နိုင်ပြီလေ

ကမ္ဘာ့မြေနှယ်၊ သည်ဟိတ်ဂ်ရယ်သို့

ခရီးသွယ်ကာ၊ ချီတက်လာကြ

တို့မြန်မာတွေ၊ စိတ်အားလေနှင်

ယုံကြည်ချက်မွန်၊ စွဲကိုင်လွန်ပြီး

တရားခွင်ဆီ၊ ဝင်နွှဲချီမည်။

ဘင်္ဂါလီအရေး၊ စွပ်စွဲသံကို

တွန်းလှန်ဖြိုခွင်း၊ အမှန်ရှင်းဖို့

သက်သေခိုင်လုံ၊ ပြည့်စုံပုံနှင့်

တင်ပြကာလေ၊ ချေပပေမည်။

တို့ပြည်သူများ၊ အားမလျော့ပါ

တစ်စိတ်တစ်ဝမ်း၊ လက်တွဲမြဲကာ

မေတ္တာရှေးရှု၊ ထောက်ခံပြုလို့

ပို့လွှတ်ကာရည်၊ တောင်းဆုချွေမည်။

အမျိုးဂုဏ်ရောင်၊ ထိန်းသိမ်းဆောင်ဖို့

သွေးမောင်ကျောက်ခဲ၊ စိတ်ဓာတ်မြဲနှင့်

ရင်ဆိုင်ကြိုးစား၊ အမှန်တရား

ထွန်းပွားစေမည်၊ တို့မြန်မာပြည်။

တို့ ICJ ၊ နိုင်ပြီလေဟု

ကြွေးကြော်သံပြု၊ ပြည်ထောင်စုချီ

သမိုင်းသစ်တင်၊ အောင်ပွဲခံသည်

ဧကန်မုချ၊ နိုင်စေရမည်။

အောင်မြေ (Isheet)

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Ministry of Transport and Communications / Posted on January 16, 2026

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on January 15, 2026

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on January 15, 2026

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အခြေအမြစ်မရှိသည့် မီဒီယာထုတ်ပြန်ကြေညာချက်ကို ပြင်းပြင်းထန်ထန်နှင့် ပြတ်ပြတ်သားသားပယ်ချပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023