MSME Business Plan and Food Safety Training သင်တန်းဖွင့်လှစ်


Ministry of Cooperatives and Rural Development/ Naypyitaw / February 20, 2026
image_latest


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သည့် MSME Business Plan and Food Safety Training သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ မိမိတို့ နိုင်ငံ၌ MSME လုပ်ငန်း များသည် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ ပါကြောင်း၊ MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး အလုပ်အကိုင် ဖန်တီးပေးနိုင်မှုတွင်လည် အဓိကအခန်းကဏ္ဍက ပါဝင်လျက်ရှိပါကြောင်း၊ ကျေးလက် နှင့် မြို့ပြ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရုံသာမက ပြည်သူများ၏ လူမှုစီးပွားဘဝ များကိုလည်း မြှင့်တင်ပေးနိုင်သည့် အရေးပါသော အင်အားစုတစ်ခု ဖြစ်ပါကြောင်း။

          စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ရန်အတွက် ကောင်းမွန်သော ကုန်ပစ္စည်းထုတ်ကုန်ရှိနေရုံ ဖြင့် မလုံလောက်ဘဲ မည်သို့ဈေးကွက်ရှာဖွေမည်၊ ဘဏ္ဍာရေးကို မည်သို့ စီမံမည်၊ ကြုံတွေရမည့် ပြဿနာများကို မည်သို့ရင်ဆိုင်မည် စသည်တို့အတွက် ပြတ်သားသည့် လမ်းပြမြေပုံရှိနေရန် လိုအပ် ပါကြောင်း၊ စနစ်တကျရေးဆွဲထားသည့် Business Plan သည် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ရရှိစေသကဲ့သို့ လုပ်ငန်းရှင်များကိုလည်း ဆုံးရှုံးမှုနည်းစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သင်တန်းသားများ အနေဖြင့် မိမိတို့သင်ကြား တတ်မြောက်ထားသည့် အသိပညာ၊ အတတ်ပညာ များကို အသုံးချပြီး လုပ်ငန်းများ အောင်မြင်အောင် အားထည့်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်အောင် ဆောင်ရွက် ကြရင်းနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး+တိုးတက်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ယခုဖွင့်လှစ်သည့်သင်တန်းတွင် သင်တန်းနည်းပြများက သင်ကြားမည့် ဘာသာရပ်များအကြောင်းအား ပြောကြားပြီး မိတ်ဆက်စကားပြောကြားကာ သင်တန်းသားများက လည်း တစ်ဦးချင်းစီအလိုက် ၎င်းတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် သင်တန်းတက်ရောက်ရခြင်း ကိစ္စရပ်များအား ပြောကြား၍ မိတ်ဆက်စကားပြောကြားသည်။

          ယခုဖွင့်လှစ်သော MSME Business Plan and Food Safety Training သင်တန်းတွင် Business Plan ရေးဆွဲခြင်း၊ ဈေးကွက်ရှာဖွေခြင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများ၊ Food Safety ဆိုင်ရာ ကိစ္စရပ်များကို ကျွမ်းကျင်နည်းပြများက သင်ကြားဆွေးနွေးပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on February 18, 2026

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

တာဝန်မှအနားယူခွင့်ပြုခြင်း

Ministry of Information / Posted on February 18, 2026

တာဝန်မှအနားယူခွင့်ပြုခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023