Myanmar Fight မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ တွဲဆိုင်း ၁၀ ဆိုင်း ကျင်းပ


Ministry of Information/ Naypyitaw / May 25, 2026
image_latest


ရန်ကုန် မေ ၂၄

အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Art Group (MMAG) တို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်က အဓိကပံ့ပိုးကူညီကာ Myanmar Fight မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ပွဲစဉ် (၃၂) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားရုံ၌ တွဲဆိုင်း ၁၀ ဆိုင်း ကျင်းပသည်။

အဆိုပါပြိုင်ပွဲ ၃ မိနစ်ထိုး ၂ မိနစ်နား သုံးချီပြိုင်ပွဲ၌ ရဲမင်းအောင် (Smart Fight) နှင့် မိုးကြိုး (555 Sport)၊ ထက်ဝေယံ (ကျားမနိုင်) နှင့် ခေးဘွေးထူး (ရိုးရာကျား)၊ ရန်မျိုးအောင် (YMA) နှင့် ဝေါယောဇက် (ရိုးရာကျား)၊ ဗညား (Strong Westler) နှင့် ဟိန်းထက်အောင် (ရွှေဒေါင်းဖြူ)၊ ရွှေထီး (YMA)နှင့် နိုင်ဇင်ဦး (ကျားဘုရင်) တို့ ပြိုင်ပွဲများတွင် အလူးအလဲဖြင့် ပူးတွဲသရေများကျခဲ့ကာ ပရိသတ်အကြိုက်ပွဲကောင်းများဖြစ်ခဲ့သည်။

ဆက်လက်၍ သားသား (ဓနုဖြူ) က ချင်းသွေးရိုင်း (Top One) ကို ဒုတိယအချီ၌ လက်သီးတွဲဖြင့် အလဲထိုးနိုင်ခဲ့ပြီး ပြည့်ဖြိုးအောင် (ကျားဘုရင်) က စောကီးဒို (Nine Club) ကို ဒုတိယအချီမှာ အလဲထိုးနိုင်ခဲ့သည်။ ထို့ပြင် စောမျိုးကျော် (ဓနုဖြူ) နှင့် ဒေးဗစ် (MK-1) တို့ပြိုင်ပွဲတွင် ဒေးဗစ်အနိုင်ရရှိခဲ့သည်။ ဖိုးခွားစိ (ပဲခူးကလပ်) နှင့် စောလင်းထက်နိုင် (ဓနုဖြူ) တို့ ပြိုင်ပွဲတွင် ဖိုးခွားစိ‌က အနိုင်ရရှိခဲ့သည်။ စထက်လင်း (MK-1) နှင့် စောမောနီးရှိုင်း (DOJO 9) တို့ ပြိုင်ပွဲ၌ စထက်လင်းက အနိုင်ရရှိခဲ့သည်။

အာကာ

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Ministry of Transport and Communications / Posted on January 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Video