Myanmar’s Future Lifestyle Travel Expo 2026 ကို ရန်ကုန်မြို့၌ လေးရက်တိုင်ကျင်းပမည် 


Ministry of Information/ Naypyitaw / April 05, 2026
image_latest


ရန်ကုန် ဧပြီ ၄

Myanmar’s Future Lifestyle & Travel Expo 2026 ကို ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel ၌ ဧပြီ ၃ ရက်မှ ၆ ရက်အထိ လေးရက်တိုင်ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးများနှင့် STP Event Management တို့ပူးပေါင်းပြီး မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ အတွက် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပြီး ကွန်ရက်တည်ဆောက်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်စေရန်ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ကြောင်း STP Event Management မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်သင်းသင်းအောင်ထံမှ သိရသည်။

Myanmar’s Future Lifestyle & Travel Expo 2026 ပြပွဲ၌ နေ့စဉ်လူမှုဘဝတွင် လိုအပ်အသုံးပြုနေသည့် စားသောက်ကုန်၊ အဝတ်အထည်၊ ကျောက်မျက်ရတနာ၊ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု၊ ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးများ၏ ပြခန်းများအပါအဝင် ပြည်တွင်းထုတ်ကုန်များ၏ ပြခန်းပေါင်း ၆၀ ကျော်ကို ခင်းကျင်းပြသထားသည်။ ဧပြီ ၃ ရက်ပြပွဲပထမနေ့တွင် စီးပွားရေးဆိုင်ရာအခွင့်အလမ်းများကို နိုင်ငံတကာမှ စီးပွားရေးသံမှူးများက ဆွေးနွေးဟောပြောကြပြီး ဧပြီ ၄ ရက် ပြပွဲဒုတိယနေ့တွင် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များက ၎င်းတို့၏စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုရရန် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို ဆွေးနွေးဟောပြောကြသည်။

ဧပြီ ၅ ရက်တွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေးဟောပြောကြမည်ဖြစ်ပြီး ဧပြီ ၆ ရက်တွင် ပြပွဲတက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ကွန်ရက်တည်ဆောက်ဆွေးနွေးခြင်း အခန်းကဏ္ဍများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်းသူရ

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Ministry of Electric Power / Posted on March 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Video