ချောက်မြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ နွေရာသီသောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
ချောက်မြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ နွေရာသီသောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / April 26, 2024
ချောက် ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး၊ ချောင်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဥယျာဉ်(ရ)ကျေးရွာနှင့် ကိုးဆူကျေးရွာတို့၌ နွေရာသီကာလတွင် သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် လက်ရှိအသုံးပြုနေသော ရေအရင်းအမြစ်များ ပုံမှန်လည်ပတ်သုံးစွဲနိုင်မှု ရှိမရှိ နှင့် စက်ရေတွင်းများ၏ ကြံ့ခိုင်မှု အခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့် နှင့် ဝန်ထမ်းများသည် ဥယျာဉ်(ရ)ကျေးရွာနှင့် ကိုးဆူကျေးရွာတို့၌ အသုံးပြုလျက်ရှိသော ရေအရင်းအမြစ်များ ပုံမှန်လည်ပတ်သုံးစွဲမှု ရှိမရှိအခြေအနေနှင့် လက်ရှိသောက်သုံးရေသုံးစွဲနေမှုအခြေအနေများကို သက်ဆိုင်ရာ ကျေးရွာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး က ကျေးရွာတာဝန်ရှိသူများအား သောက်သုံးရေပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ရုံးသို့ အချိန်နှင့်တပြေးညီ အသိပေးအကြောင်းကြားရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်၊ ကြောင်ယာတောကျေးရွာ အုပ်စု၊ ဥယျာဉ်(ရ)ကျေးရွာနှင့် မကျီးကန်ကျေးရွာအုပ်စု၊ ကိုးဆူကျေးရွာတို့၌ လက်ရှိအခြေအနေတွင်သောက်သုံးရေအခက်အခဲမရှိသော်လည်း နွေရာသီကာလများတွင် ရေပြတ်လပ်မှုမရှိစေရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် အစီအမံများနှင့် ရေအရင်းအမြစ်များ၏ ကြံ့ခိုင်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Newspaper
၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
DownloadAnnouncement
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆိုငှားရမ်းနိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on May 06, 2024
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆိုငှားရမ်းနိုင်ကြောင်းကြော်ငြာခြင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ
Ministry of Religious Affairs & Culture / Posted on May 06, 2024
စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ အနေကဇာတင်ပါဌ် (ပါဠိ-မြန်မာပြန်)
အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်
Ministry of Information / Posted on May 05, 2024
နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။