စက်မှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများအားကြည့်ရှုစစ်ဆေး
စက်မှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများအားကြည့်ရှုစစ်ဆေး
Ministry of Industry/ Ministry of Industry / March 22, 2023

နေပြည်တော်၊ မတ်(၁၉)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ရွှေမူယင်းငါးမွေးမြူရေးကန်သို့ ရောက်ရှိစစ်ဆေးစဉ် “အခြားလိုအပ်သည့် ဗီတာမင်များအပါအဝင် တိရစ္ဆာန်ဆေးဝါးများ ရရှိရေးအတွက်လည်း ဆေးဝါးစက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်” လမ်းညွှန်မှုပြုထားသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ သုတေသနဌာနတွင် ငါးအစာတောင့်အတွင်း ထည့်သွင်းမည့် ဗီတာမင်နှင့်သတ္တုဓာတ်များပါဝင်သော အားဖြည့်အမှုန့် (Premix) များကို စမ်းသပ်သုတေသနပြု ထုတ်လုပ်နေမှုအခြေအနေတို့ကို စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မတ်လ(၁၈)ရက်နေ့ မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ သုတေသနဌာန အစည်းအဝေးခန်းမ၌ အထွေထွေမန်နေဂျာက သုတေသနလုပ်ငန်းများဆောင်ရွက်နေမှုနှင့်ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ ငါးအစာတောင့်များ ထုတ်လုပ်နိုင်ရေးအတွက် ဗီတာမင်နှင့် သတ္တုဓာတ်များပါဝင်သည့် အားဖြည့်အမှုန့် နမူနာအား ဓာတ်ခွဲစမ်းသပ်ခဲ့မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ပညာရှင်များနှင့် ပူးပေါင်း၍ စမ်းသပ်ထုတ်လုပ်ထားသည့် ငါးအစာတောင့်အား ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ လှော်ကား ငါးမွေးမြူရေးစခန်းတွင် ငါးမြစ်ချင်းသားပေါက်များနှင့် လက်တွေ့စမ်းသပ် သုတေသနပြုလုပ်မည့်အစီအစဉ်၊ အားဖြည့်အမှုန့်များကို ဈေးကွက်သုတေသနပြုလုပ်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်နှင့် တိရစ္ဆာန်များအတွက် လိုအပ်သောဆေးဝါးများနှင့် အားဖြည့်အစာများ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ ငါးများအတွက်လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်များပါဝင်သည့် အားဖြည့်အမှုန့်များကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများကို လျင်လျင်မြန်မြန်ဆောင်ရွက်ရန်၊ မိမိတို့ထုတ်လုပ်သော အားဖြည့်အမှုန့်များသည် ငါးများအတွက် အမှန်တကယ် အကျိုးထိရောက်မှု ရှိ/မရှိကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်းမြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှလည်း သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်၍ ကြိုတင်ညှိနှိုင်းထားရန်၊ သုတေသနလုပ်ငန်းများ အောင်မြင်ပါက စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးတွက် ကြိုတင်စီမံဆောင်ရွက်ထားရန်၊ အခြားမွေးမြူရေး တိရိစ္ဆာန်များအတွက် ဗီတာမင်ဓာတ်ပါဝင်သော အားဖြည့်အစာတောင့်များ ထုတ်လုပ်နိုင်ရေးအတွက်လည်း သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်၊ ပြည်တွင်း၌ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ၍ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ပြည်တွင်းစားသုံးမှုကို ဖူလုံစေပြီး ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင်မည်ဖြစ်သဖြင့် သုတေသနလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်၊ သုတေသနဌာနအနေဖြင့် ပြည်သူလူထုအတွက် လိုအပ်သောဆေးဝါးများကို ပိုမိုထုတ်လုပ်ပေးနိုင်ရေးအတွက် ဝန်ထမ်း များ၏ စွမ်းဆောင်ရည်များကိုလည်း မြှင့်တင်နိုင်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ရန်၊ ဆေးဝါးစက်ရုံ (အင်းစိန်) တွင် ဆေးဝါးအမယ်ပေါင်း (၂၀၀) ကျော် ထုတ်လုပ်လျက်ရှိပြီး ယခုထက် ဆေးဝါးအမယ်သစ်များ ထပ်မံထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်၊ သုတေသနလုပ်ငန်းများသည် ကုသိုလ်လည်းရ ဝမ်းလည်းဝသည့် လုပ်ငန်းဖြစ်၍ စိတ်ပါဝင်စားစွာဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြရန်၊ ဘဏ္ဍာရေးနှစ်တစ်ခုအတွင်း သုတေသနပြုလုပ်မည့်အခြေအနေများကို အစီအမံများ ရေးဆွဲဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး ငါးများအတွက် လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ် များပါဝင်သည့် အားဖြည့်အမှုန့်များ စမ်းသပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံများမှ ဗီတာမင်နှင့်သတ္တုဓာတ်များပါဝင်သည့် အားဖြည့်အမှုန့်အား နှစ်စဉ်ပျမ်းမျှတန်ချိန် (၁၅၀)ခန့် တင်သွင်းလျက်ရှိပြီး စက်မှုဝန်ကြီးဌာနအနေဖြင့် သုတေသနပြုလုပ်စမ်းသပ်နေသော ဗီတာမင်နှင့်သတ္တုဓာတ်များပါဝင်သော အားဖြည့်အမှုန့်အား အောင်မြင်စွာထုတ်လုပ်နိုင်ပါက ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်၍ နိုင်ငံခြားငွေအသုံးပြုရမှု သက်သာစေသည့် “သွင်းကုန်အစားထိုး” ထုတ်လုပ်မှုလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ငါးများအတွက် လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်များပါဝင်သည့် အားဖြည့်အမှုန့်များ စမ်းသပ်နေသည့် လုပ်ငန်းစဉ်များကို အောက်တိုဘာလတွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။
မြန်မာ့ဆေးဝါးလုပ်ငန်း၊ သုတေသနဌာနအား ၁၉၈၀ ပြည့်နှစ်တွင် ဂျပန်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် JICA ၏ ကူညီပံ့ပိုးမှုဖြင့် ဆေးဝါးထုတ်လုပ်မှု နည်းပညာဖွံ့ဖြိုးရေးအတွက် စီမံကိန်းကို စတင်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် လုပ်ငန်းစတင်ခဲ့ပါသည်။ ၁၉၈၁ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ဂျပန်ပညာရှင်များမှ လာရောက်လေ့ကျင့် သင်ကြားပေးခြင်း၊ ဂျပန်နိုင်ငံသို့ ပညာသင်စေလွှတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာဖွံ့ဖြိုးရေးဌာနနှင့် ပေါင်းစည်းခဲ့ပါသည်။
၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း Vitamin ဆေးပြား၊ HIV ကုသဆေးနှင့် ကင်ဆာရောဂါကုသဆေး၊ တိုင်းရင်းဆေးအနေဖြင့် ဆေးခါးကြီးနှင့် ဗီတာမင်စီအတွက် ဆီးဖြူသီးမှ ဆေးထုတ်လုပ်နိုင်ရေးကိုလည်း သုတေသန ပြုလျက်ရှိပါသည်။
၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ဘေးထွက်ဆိုးကျိုးလျော့နည်းစေပြီး ပိုမိုထိရောက်သော ဆီးချိုပျောက်ဆေး (Metformin + Sitagliptin Tablet) ကို ထုတ်လုပ်နိုင်ရေး သုတေသနပြု ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း MSMEs လုပ်ငန်းရှင်များ FDA လိုင်စင်ရရှိရေးအတွက် ၎င်းတို့၏ထုတ်ကုန်များကို စားသောက်ကုန်ဓာတုဓာတ်ခွဲခန်းတွင် စားသောက်ကုန် စမ်းသပ်ချက် (၂၈)မျိုးနှင့် အဏုဇီဝဓာတ်ခွဲစမ်းသပ်ချက် (၄)မျိုးတို့ကို ဓာတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ (အင်းစိန်)သို့ ရောက်ရှိပြီး စက်ရုံသမိုင်းပြခန်းတည်ဆောက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေး လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် တည်ဆောက်ပြီးစီးမှု အခြေအနေများကို Third Party ဖြင့် စစ်ဆေးရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ အရာထမ်းများနှင့်တွေ့ဆုံပြီး ပြည်သူလူထုအား တတ်မြောက်ထားသည့် ပညာရပ်များဖြင့် အကျိုးပြုနိုင်ရေး ဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အစီအမံများချမှတ်ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် အများပြည်သူများ အားကိုးရသည့် အသိပညာရှင် အတတ် ပညာရှင်များဖြစ်အောင် ပြုမူနေထိုင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


Newspaper

၁၃၈၅ ခုနှစ်၊ နယုန်လပြည့်နေ့၊ ဇွန် ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 02, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁ နေ့၊ မေ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 31, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၃)
Union Civil Service Board / Posted on June 01, 2023
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၃)
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ အူထိုင်းမြို့နယ်ရှိ Pioneer Manufacturing (Thailand) Co., Ltd မှ အလုပ်သမားများ အလုပ်ထုတ်ခံရမှု သတင်းဖော်ပြမှုနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း သတင်းမှန်ထုတ်ပြန်ခြင်း
Ministry of Labour / Posted on May 31, 2023
အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရာတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့ထိ ဖြေဆိုသူနှင့် အောင်မြင်သူစာရင်း
Ministry of Labour / Posted on May 31, 2023