စွန့်ပစ်ပစ္စည်းများကို အသုံးပြုထုတ်လုပ်သည့် မြစ်ကြီးနားမြို့မှ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးလုပ်ငန်း


Ministry of Information/ Naypyitaw / October 02, 2023
image_latest


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်တွင် ပါဝင်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ဆိုသည့် ဦးတည်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများကို အားပေး ဆောင်ရွက်လျက်ရှိပါသည်။

ကချင်ပြည်နယ်တွင် မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) လုပ်ငန်း အရေ အတွက်မှာ ၂၀၂၃ခုနှစ် ဩဂုတ်လအထိ အကြီးစားလုပ်ငန်း ၁၁၉ ခု၊ အလတ်စား လုပ်ငန်း၂၅၃ ခု၊ အငယ်စားလုပ်ငန်း ၁၆၆၅ ခု စုစုပေါင်း၂၀၃၇ ခုရှိကြောင်း ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုလုပ်ငန်းရှင်များ၏ ကိုယ်တိုင်တီထွင် ကြံဆမှုတို့ကြောင့် ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်အောင်မြင် လာသောလုပ်ငန်းများ ရှိနေပါသည်။ အဆိုပါလုပ်ငန်းများအနက် ဒေသဖွံ့ဖြိုး ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေသော မြစ်ကြီးနားမြို့ရှိ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်မှ ဦးဘင်ဂျမင် (ခ) ဦးအောင်ကိုနှင့် တွေ့ဆုံမေးမြန်းမှုကို တင်ပြလိုက်ရပါသည်။

၂၀၁၄ ခုနှစ်ကစတင်

အဆိုပါ စက္ကူနှင့် စာအုပ်ထုတ်လုပ် ရေးလုပ်ငန်းကို ၂၀၁၄ ခုနှစ်က စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ဖခင်ဖြစ်သူ တည်ထောင်ခဲ့သည့် စက်မှုလုပ်ငန်းကို အမြဲထိတွေ့ခဲ့ခြင်း၊ မန္တလေးမြို့ရှိ စက်မှုဇုန်များသို့ ရောက်ရှိမြင်တွေ့ခဲ့ခြင်းတို့ကြောင့် ဒေသတွင်စက်ရုံလည်ပတ်ရန် ကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ကချင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက်ပါ ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ စက္ကူများ ထုတ်လုပ်ရာတွင်လိုအပ်သည့် ပျော့ဖတ်အတွက် စွန့်ပစ် ပစ္စည်းများကို Recycle နည်းဖြင့် အသုံး ပြုပြီး ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ ပြည်သူများ အသုံးပြုပြီး ပြန်လည်အသုံး ပြု၍မရသည့် ပစ္စည်းများကို ပြန်လည် အသုံးပြုနိုင်အောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း တည်ထောင်သူက ပြောပြ သည်။

ယင်းလုပ်ငန်း စတင်လည်ပတ်ချိန် တွင် စက္ကူအနေဖြင့် ဘားဖြူ၊ ဘာပြာ အမျိုးအစားဖြစ်သည့် စက္ကူအကြမ်းများကိုသာ ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခု အချိန်တွင်ဘားဖြူ၊ ဘားပြာ၊ အကြမ်းတို၊ အကြမ်းရှည်၊ ဗလာစာအုပ်တစ်ဘက် ချော၊ ဂျပ်ညို၊ နေလှန်းကတ်များကို ထုတ်လုပ်နိုင်ပြီဖြစ်သည်။ ထို့ပြင် လူသုံးကုန်ပစ္စည်းများဖြစ်သည့် တစ်ရှူးစက္ကူလိပ်များပါ ထုတ်လုပ်လျက်ရှိသည်။ ဘားဖြူအမျိုးအစားစာအုပ်များကို တစ်နှစ်လျှင် အုပ်ရေသန်းနှင့်ချီပြီး ထုတ်လုပ်နိုင်ကြောင်း၊ ပြည်နယ်အတွင်း ရှိ တစ်နိုင်တစ်ပိုင် စက်မှုလုပ်ငန်းများ၏ ကုန်ပစ္စည်းများ ထုပ်ပိုးရာတွင် လိုအပ်သည့် ဂျပ်ပုံးများပါ ထုတ်လုပ်ပေးလျက်ရှိသည်။ ထိုသို့ စက်မှုလုပ်ငန်းများ၏ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်သဖြင့် အခြားဒေသမှ မှာယူသုံးစွဲနေရမှုအပေါ် လျှော့ချနိုင်ပြီး ကုန်ကျစရိတ်သက်သာစေရန် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

တစ်လလျှင် ၃၂ တန် ခန့်တင်ပို့

ယခင်က စက်တစ်လုံးဖြင့် လည်ပတ်စဉ်က ဒေသအတွင်းရှိသည့် ကုန်ကြမ်းများဖြင့် လုံလောက်သော်လည်း တစ်ရှူးစက္ကူလိပ်စက် လည်ပတ်ချိန်တွင် ရန်ကုန်မှကုန်ကြမ်းများ ဝယ်ယူအသုံးပြု ရကြောင်းသိရသည်။ ထို့အတူဖြိုးဝေဝေမှထုတ်လုပ်သည့် စက္ကူနှင့် စာအုပ်များကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများသို့ပါ တင်ပို့ကြောင်း၊ ရန်ကုန်မြို့ရှိ အထည်ချုပ် စက်ရုံများတွင် အသုံးပြုသည့် ကတ်ထူစက္ကူကို တစ်လလျှင် ၃၂ တန် ခန့်တင်ပို့ရပြီး မန္တလေးမြို့သို့ တစ်လငါးတန်ခန့် တင်ပို့လျက်ရှိကြောင်း၊ တစ်ရှူးစက္ကူလိပ် ကို ပြည်နယ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး လုပ်ငန်းကိုစွန့်ပစ်ပစ္စည်းများအား Recycle နည်းဖြင့် လုပ်ကိုင်နိုင်သည့် အတွက် ဒိန်းမတ်နိုင်ငံမှ (သဘာဝနှင့် ကိုက်ညီသော အညစ်အကြေး စွန့်ပစ်မှု ကဏ္ဍ)တွင် တာဝန်ယူမှုရှိသော စီးပွားရေးရင်းနှီးမြှုပ်နှံမှုအတွက် ထောက်ပံ့မှုတစ်ကြိမ် ရရှိခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ် အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က စီးပွားရေးဆိုင်ရာထူးချွန်ဆု (ပထမ အဆင့်) ချီးမြှင့်ခံရကြောင်း သိရသည်။

လုပ်ငန်းပိုင်ရှင်၏ ပီတိအသံ

ယခု စက်ရုံလည်ပတ်နိုင်ရန် မတည်ရင်းနှီးငွေအနေဖြင့် ငွေကျပ် သိန်း ၄၈၀၀ခန့် ကုန်ကျခဲ့ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်အနေဖြင့် ငွေကျပ်သိန်း ၁၃၅၀ ထုတ်ချေးရရှိထားသည်။ ထိုသို့ နိုင်ငံတော်၏ ပံ့ပိုးကူညီမှုကြောင့် မကြာမီကာလတွင်နှစ်ဖက် ချောစက္ကူ စက်လည်ပတ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ နှစ်ဖက်ချောစက္ကူ ထုတ်လုပ်နိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်ခဲ့ရာ လုပ်ငန်းတစ်ခုလုံးအတွက် ငွေကျပ် ၆ ဒသမ ၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားရကြောင်း၊ နိုင်ငံတော်မှယခုလို MSME လုပ်ငန်းများကို တွန်းအားပေးကူညီလာမှုအပေါ် အတိုင်းမသိဝမ်းသာဂုဏ်ယူ ကျေးဇူးတင်ကြောင်း လုပ်ငန်းပိုင်ရှင်၏ ပီတိအသံကို လည်း ကြားသိရသည်။

အဆိုပါ လုပ်ငန်းတွင် လက်ရှိဝန်ထမ်း ၄၅ ဦးကိုနေ့ဆိုင်း၊ ညဆိုင်းခွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်ဖက်ချောစက္ကူစက်ကို လည်ပတ်ပါကတစ်နေ့ စာအုပ်ဒါဇင်လေးသိန်းနီးပါး ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် ဝန်ထမ်း ၁၂၀ ခန့်ကို အလုပ်အကိုင်အခွင့်အလမ်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိဝန်ထမ်းများကို နေထိုင်နိုင်ရေး စီစဉ်ပေးထားသည့်အပြင် ဝန်ထမ်းတစ်ဦး၏ လစဉ်ဝင်ငွေမှာအနည်းဆုံး ငွေကျပ်တစ်သိန်းငါးသောင်းမှ လေးသိန်းငါးသောင်းအထိ ရရှိကြသည်။ ထို့ပြင် ကျန်းမာရေးအာမခံလည်း ထားပေးပြီး ၎င်းဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူ ၁၀ ဦးခန့်ကိုလည်း ကျောင်းစရိတ် ထောက်ပံ့ပေးလျက်ရှိသည်။

ငှက်ပျောမျှင်မှ စက္ကူထုတ်မည်

ကချင်ပြည်နယ်တွင် ဝါးပေါများသဖြင့် ဝါးနှင့်ပတ်သက်သည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နေမှုမှ ထွက်ရှိ သော အသုံးမပြုတော့သည့် အပိုင်းအစများအား ပျော့ဖတ်ရရှိအောင် ဆောင်ရွက် ၍ ကုန်ချောပစ္စည်းများ ထုတ်လုပ်ရန်ရည်မှန်းထားကြောင်း၊ ပြည်တွင်းသုံး တစ်ရှူးအပါအဝင်ဖြစ်ကြောင်း၊ နောက်တစ်မျိုးအနေဖြင့် ပြည်နယ်အတွင်း ငှက်ပျောစိုက်ဧကများစွာမှ ထွက်ရှိလာသည့် စွန့်ပစ်ငှက်ပျောပင်စည်များကို ပျော့ဖတ်ထုတ်မည်ဖြစ်ကြောင်း၊ ငှက်ပျောအမျှင်များမှတစ်ဆင့် ငှက်ပျောပျော့ဖတ်ချက်ပြီး စက္ကူထုတ်ရန် ကြိုးစား လျက်ရှိကြောင်း သိရသည်။ ငှက်ပျောပျော့ဖတ်သည် အခြားသစ်ပင်၊ ဝါးပင် များမှထွက်သည့် ပျော့ဖတ်များထက် လေးဆပိုမိုခိုင်ခံ့ကြောင်း၊ ယင်းပျော့ဖတ် မှတစ်ဆင့် နိုင်ငံခြားဝင်ငွေရရှိအောင် ထုတ်ကုန်အဖြစ် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်က ရှင်းပြသည်။

ထိုကဲ့သို့ စွန့်ပစ်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းအဖြစ် ပြန်လည်ထုတ်လုပ် ခြင်းဖြင့် ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးလုပ်ငန်းက ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုလျက်ရှိသည်။ ။

ဖြိုးလေး၊ ငုရွှေဝါ ၊ ဓာတ်ပုံ-ဇော်ဘောက်

Newspaper

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Information Sheet (4-12-2023) / Burmese (Myanmar Version)


Publisher: Information Sheet/ December 06, 2023

Publication Date: 2023

Page: 38

Language: Burmese (Myanmar Version)

Download

Announcement

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် (၂၀၂၃ အောင်) ဒုတိယအကြိမ် ဝင်ခွင့်ရရှိသူများ စာရင်းကြေညာခြင်း

Ministry of Cooperatives and Rural Development / Posted on December 06, 2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် (၂၀၂၃ အောင်) ဒုတိယအကြိမ် ဝင်ခွင့်ရရှိသူများ စာရင်းများအား ပူးတွဲပါဖိုင်တွင် download ရယူ၍ ကြည့်ရှုနိုင်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023