ဒုတိယဝန်ကြီး ဦးမြင့်စိုး ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်း၏ သင်တန်းဆင်းပွဲ တက်ရောက်


Ministry of Cooperatives and Rural Development/ Naypyitaw / March 29, 2024
image_latest


နေပြည်တော် မတ် ၂၉

ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မတိမ်းကောမပပျောက်အောင် ဆက်လက်ထိန်းသိမ်းစောင့် ရှောက်ရန်၊     ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာ၊ အတတ်ပညာများ ဖြန့်ဖြူးပေးရန်၊ အတတ် ပညာများကို တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်စက်ရုံများအတွက် ရက်ကန်းပညာကျွမ်းကျင်သူများ မွေးထုတ် ပေးရန်၊ ကုန်ထုတ်လုပ်ငန်းကျွမ်းကျင်သူများအဖြစ် လေ့ကျင့်သင်ကြားပေးရန်၊ ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသော အထည်ထုတ်လုပ်ငန်းများကို တီထွင်နိုင်သည့် အတတ်ပညာများ လေ့ကျင့် သင်ကြားပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးနေသော ဆောင်းဒါးရက်ကန်း နှင့် အသက်မွေးပညာသိပ္ပံကျောင်း၏ အခြေခံဖက်ရှင်ဒီဇိုင်းနည်းပညာ ဆရာမများမွမ်းမံ ToT သင်တန်းဆင်းပွဲ၊ အထည်အလိပ်ရက်ကန်းလုပ်ငန်းရှင်များအသင်း (မန္တလေး)၏ ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့်‌ ‌‌ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထည်အလိပ်ရက်ကန်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အသင်းသားအသင်းသူများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

အဆိုပါအခမ်းအနား၌ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ် ပေးခဲ့သော ToT သင်တန်းသည် ရက်ကန်းပညာရပ်နှင့် ဖက်ရှင်ဒီဇိုင်းပညာရပ်များ ပေါင်းစပ်ပြီး အဆင့်အတန်းမြင့်မားတဲ့ အဝတ်အထည်များ ထုတ်လုပ်နိုင်ရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုကို အခြေခံ ပြီး ခေတ်မီအသက်မွေးဝမ်းကျောင်း ပညာရပ်သင်တန်းတစ်ခုအဖြစ် တိုးမြှင့်သင်ကြားပေးနိုင်ရန်၊ စံချိန်စံညွှန်းမှီ ဈေးကွက်ဝင်အထည်များ ထုတ်လုပ်နိုင်စေရန် စတဲ့ ရည်ရွယ်ချက်ကောင်းများနဲ့ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ နောင်အချိန်ကာလတစ်ခုမှာ ဖက်ရှင်ဒီဇိုင်းဒီပလိုမာဘွဲ့ ပေးအပ် နိုင်တဲ့အထိ ရည်ရွယ် သင်ကြားပေးခြင်းလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင် ဇော်ဦးက အမှာစကားပြောကြားသည်။

ထို့နောက် အထည်အလိပ်ရက်ကန်းလုပ်ငန်းရှင်များအသင်း(မန္တလေး) အသင်းဥက္ကဋ္ဌ ဒေါ်မြင့် မြင့်သန်းက အသင်း၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက အခြေခံဖက်ရှင်ဒီဇိုင်းနည်းပညာဆရာမများ မွမ်းမံ ToT သင်တန်းမှ ထူးချွန်ဆုရ သင်တန်းသူများအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက သင်တန်းဆင်းအောင်လက်မှတ်များအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းဆင်းလက်ရာ ဖက်ရှင်ဒီဇိုင်းများ အားလည်းကောင်း၊ Assessment Centre ရှိ လက်ရက်ကန်းစင်များတွင် လက်တွေ့ရက်လုပ်နေမှုများ ကိုလည်းကောင်း၊ Incubation Centre ရှိ စက်ရက်ကန်းစင်များအားလည်းကောင်း၊ ပန်းပုံရိုက်နှင့် နည်းပညာဌာနရှိ သဘာဝဆေးဆိုး လုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ ကြသည်။

၎င်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေး ပညာသိပ္ပံ ကျောင်းအနီးရှိ အထည်အလိပ်ရက်ကန်းလုပ်ငန်းရှင်များအသင်း(မန္တလေး)၏ ဆိုင်းဘုတ် တင်ပွဲနှင့် ရုံးခန်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော အိုင့်-သနပ်အိုင့် ကျေးရွာချင်းဆက် လမ်းအရှည် (၆) ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ ကျန်ရှိနေသည့် လမ်းအရှည် (၃) ဖာလုံအား လာမည့်ဘဏ္ဍာနှစ်များတွင် လျာထားဆောင်ရွက်နိုင်ရေးနှင့် ကျေးရွာ တွင်းလမ်း ကွန်ကရစ်ခင်းနိုင်ရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်သော အိမ်ခြေ (၂၄၀)၊ လူဦးရေ (၁၁၅၄) ဦးရှိ သဖန်းပင်ရိုး ကျေးရွာသို့ သွားရောက်ပြီး စီမံကိန်းကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်း‌ ကျေးရွာအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ကျေးရွာ၏ ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် ဆောင်ရွက်ပေးနေသော လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး ကော်မတီဝင်များနှင့် ကျေးရွာသူကျေးရွာသားများ၏ ဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ (၅၀) ရာခိုင်နှုန်းဖြင့် ကျေးရွာ တွင်းလမ်း အရှည် ပေ (၆၂၀) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အမြင့်တင်ရေစင်နှင့် ရေ သန့်စင်စက် တည်ဆောက်၍ အိမ်သွယ်ရေစတိုင်စနစ် ရေဖြန့်ဝေရေးလုပ်ငန်းကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေ၊ မြစိမ်း‌ရောင် စီမံကိန်းအတိုးရငွေတို့ဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်း (၁၂၇၀) ပေ ခင်းခြင်းလုပ်ငန်းကို လည်းကောင်း၊ မြစိမ်းရောင်စီမံကိန်းလည်ပတ်ငွေဖြင့် အိမ်ထောင်စု (၁၀၃) စု၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ပေးထားသည်။

ဒုတိယဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်အား သွားရောက်တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမစနစ်ဖြင့်  ဝါစိုက်ပျိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Ministry of Information / Posted on April 27, 2024

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ကြေညာချက်

Ministry of Information / Posted on April 26, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ

Ministry of Religious Affairs & Culture / Posted on April 25, 2024

စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ ဗုဒ္ဓါဘိသေက အနေကဇာတင်ပါဌ် PDF

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023