နတ်‌မောက်မြို့တွင် လမ်းသွားလမ်းလာများနှင့် ဒေသခံပြည်သူများကို နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းဆောင်ရန် ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နတ်‌မောက်မြို့တွင် လမ်းသွားလမ်းလာများနှင့် ဒေသခံပြည်သူများကို နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းဆောင်ရန် ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ


Ministry of Information/ Naypyitaw / April 24, 2024
image_latest


နေပြည်တော် ဧပြီ ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နှင့် မြို့သစ်မြို့အကြားရှိ လမ်းဆုံတွင် လမ်းသွားလမ်းလာ လူငယ် ၂၀ ခန့်ကို ဧပြီလ ၂၃ ရက်နေ့က အကြောင်းမဲ့တားဆီးစစ်ဆေးပြီး စစ်မှုထမ်းဆောင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ကွင်းကြီးကျေးရွာ၊ အောင်သာကျေးရွာ၊ သီးချောင်းကျေးရွာနှင့် ထနောင်ကုန်းကျေးရွာတို့မှ လူငယ်များကို နေအိမ်ထဲထိဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင် လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လမ်းသွားလမ်းလာများနှင့် ဒေသခံလူငယ်များကို စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နတ်မောက်မြို့နယ်အတွင်းရှိ မြို့ရွာများတွင် အကြမ်းဖက်သမားများဝင်ရောက် ခိုလှုံမှုမရှိစေရန်နှင့် တည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် ရပ်ရွာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ လှည့်ကင်းပတ်ကင်းများ ဆောင်ရွက်ခြင်း၊ လုံခြုံရေးအရ စစ်ဆေးဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် စိုးရိမ်ထိတ်လန့်စေရန်အတွက်လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံသူနိုင်ငံသားများ စစ်ပညာတတ်ကျွမ်းနားလည်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ကြမည်ကို အကြမ်းဖက်သမားများနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ကြောက်ရွံ့ထိတ်လန့်နေသည့်အတွက် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023

Announcement