နွေရာသီအခြေခံအင်္ဂလိပ်စာ(Grammar)သင်တန်းနှင့် အခြေခံပန်းချီသင်တန်းဆင်း


Region & State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / March 29, 2024


ဘားအံ - မတ် (၂၉)

ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်သည့် အားလပ်ရက်များတွင် အချိန်ကိုအကျိုးမဲ့မကုန်ဆုံးစေဘဲ အသိပညာ၊ အတတ်ပညာများ ကြွယ်ဝစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးတွင် သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီက နွေရာသီအခြေခံ အင်္ဂလိပ်စာ(Grammar)သင်တန်းနှင့် အခြေခံပန်းချီသင်တန်းများဆင်းပွဲကို လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပန်းချီပညာရှင်များနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ် ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျောင်းသား၊ကျောင်းသူ လူငယ်၊လူရွယ်များအတွက် စိတ်ဓာတ်၊ ပညာ အားကောင်းစေမည့်၊ ဘက်စုံဖွံ့ဖြိုးတိုးတက် စေမည့်၊ ယခုကဲ့သို့သင်တန်းများကို ဖွင့်လှစ်ပေးနိုင်အောင် အမြဲမပြတ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး သင်တန်း များပြီးစီးသွားပါကလည်း သင်ကြားတတ်မြောက်ခဲ့သည်များကို အကျိုးဖြစ်ထွန်းစေရန်၊ ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင် နိုင်နိုင်ဖြစ်လာစေရန် ဆက်လက်ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးမောင်မောင်က သင်တန်းဆိုင် ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့ က အခြေခံအင်္ဂလိပ်စာ Grammar သင်တန်း၊ အခြေခံပန်းချီသင်တန်းတို့ တွင် သင်တန်းထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ချီးမြှင့်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် အခြေခံအင်္ဂလိပ်စာ(Grammar)သင်တန်းမှ သင်တန်းသူများက နိုင်ငံခြားတေးသံရှင် lenka သီဆိုထားသော Trouble Is A Friend သီချင်းဖြင့် သီဆိုဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယနေ့သင်တန်းဆင်းပွဲတွင် နွေရာသီအခြေခံပန်းချီသင်တန်း၌ သင်တန်းသား၊သင်တန်းသူ ၆၀ ဦး၊ အခြေခံ အင်္ဂလိပ်စာသင်တန်း၌ သင်တန်းသား၊သင်တန်းသူ ၃၅ ဦး သင်တန်းဆင်းခဲ့ကြပြီး သင်တန်းကာလ တစ်လကြာမြင့် ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားပြီး သင်တန်းဆင်းလက်ရာများနှင့် သုတ၊ရသစာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကို မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့ထိ ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပ လျက်ရှိရာ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၄ နာရီက ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ဘောလုံးအသင်းနှင့် ကရင် အမျိုးသားအစည်းအရုံး KNU ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် BGF ဘောလုံးအသင်းက (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။

 

Newspaper

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Ministry of Information / Posted on April 27, 2024

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ကြေညာချက်

Ministry of Information / Posted on April 26, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ

Ministry of Religious Affairs & Culture / Posted on April 25, 2024

စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ ဗုဒ္ဓါဘိသေက အနေကဇာတင်ပါဌ် PDF

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023