ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပင်းပက်-နောင်ကား ရထားလမ်းသစ် ဖောက်လုပ်နေမှု၊ ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်နေမှုနှင့် ဘူတာများအား ကြည့်ရှုစစ်ဆေး


Ministry of Transport and Communications/ Naypyitaw / January 28, 2023
image_latest


ရှမ်းပြည်နယ်၊ ဇန်နဝါရီ ၂၆၊ ၂၇၊ ၂၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းအမှတ်(၄)၊ ကလောမှ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ ပင်းပက်-နောင်ကား ရထားလမ်းသစ် ဖောက်လုပ်နေမှု အခြေအနေများ၊ ရွှေညောင်-အေးသာယာ-ပေါမူ-ထီသိမ်-ရေထွက်ဦး-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်နေမှုအခြေအနေများ၊ ကလော၊ အောင်ပန်း၊ ရွှေညောင်၊ တောင်ကြီး ဘူတာများနှင့် ယာဒ်ဝင်းများ၏ လက်ရှိ အခြေအနေများကို စစ်ဆေးသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် ပင်းပက်-နောင်ကား ရထားလမ်းသစ် ဖောက်လုပ်ရာတွင် မြေကြီးကို သိပ်သည်းမှု အရည်အသွေးရရှိအောင် အလွှာလိုက် ဖိကြိတ်၍ Compaction ကောင်းမွန်အောင် ဆောင်ရွက်ပြီး သတ်မှတ်ထားသည့် အရည်အသွေး ရရှိအောင် စစ်ဆေးပြီးမှသာလျှင် သံလမ်း၊ ကွန်ကရစ်ဇလီဖား ခင်းခြင်းနှင့် လမ်းခင်းကျောက် ထည့်သွင်းခြင်း လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်သွားရန်၊ သံလမ်းခင်းရာတွင်လည်း သတ်မှတ်ထားသည့် Gradient နှင့် ကွေ့များတွင် Alignment မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရန်၊ တံတားများ တည်ဆောက်ရာတွင်လည်း သတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်း အရည်အသွေးပြည့်မီစေရေး Quality Control အား အလေးထား ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဖောက်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် တို့ကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေညောင်-အေးသာယာ-ပေါမူ-ထီသိမ်-ရေထွက်ဦး-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်နေမှုအခြေအနေအား ဆက်လက် စစ်ဆေးခဲ့ပြီး ကွန်ကရစ် ဇလီဖားတုံးများ သတ်မှတ်အကွာအဝေးအတိုင်း ထည့်သွင်းရေး၊  အရည်အသွေးပြည့်မီသော လမ်းခင်းကျောက်များ သတ်မှတ်စံချိန်စံညွှန်းအတိုင်း ထည့်သွင်းရေး ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့သည့်အပြင် ရွှေညောင်-သာစည်နှင့်  သာစည်-မြင်းခြံ ရထားလမ်းပိုင်းများကိုလည်း သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် အလေးထား ဆောင်ရွက်သွားရန် တစ်ဆက်တည်း လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကလော၊ အောင်ပန်း၊ ရွှေညောင်၊ တောင်ကြီး ဘူတာများနှင့်  ဘူတာယာဒ်ဝင်းများကို စစ်ဆေးခဲ့ပြီး သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မြက်၊ ချုံနွယ်များ မရှိစေရေး၊ ဘူတာနှင့် ဘူတာယာဒ်ဝင်းအတွင်း ပန်းအလှပင်များ စိုက်ပျိုးသွားရေးနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန်  လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

 

 

Newspaper

(5-6-2023) Information Sheet (Russia Version)


Publisher: Information Sheet/ June 08, 2023

Publication Date: 2023

Page: 42

Language: Russia

Download

(5-6-2023) Information Sheet (Chinese Version)


Publisher: Information Sheet/ June 08, 2023

Publication Date: 2023

Page: 42

Language: Chinese

Download

(5-6-2023) Information Sheet (Myanmar Version)


Publisher: Information Sheet/ June 08, 2023

Publication Date: 2023

Page: 42

Language: Myanmar

Download

Announcement

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၀/၂၀၂၃)

Union Civil Service Board / Posted on June 08, 2023

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၀/၂၀၂၃)

Video