ဖြူးမြို့နယ်ရှိ သံကူကွန်ကရစ်ချောင်းကူးတံတား ၂ စင်းအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
ဖြူးမြို့နယ်ရှိ သံကူကွန်ကရစ်ချောင်းကူးတံတား ၂ စင်းအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
Ministry of Information/ Naypyitaw / April 01, 2023
နေပြည်တော် ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ သံကူကွန်ကရစ်ချောင်းကူးတံတား ၂ စင်းအား မတ် ၃၁ ရက်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ဘုရားလဟာကျေးရွာရှိ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ မဂျမ်းရိုးတံတား ဒေသအခေါ် တူးမြောင်းတံတားနှင့် အလျား ၈၀ ပေ၊ အနံ ၂၀ ပေရှိ သစ်ပတ်ချောင်းတံတားတို့ ဖြစ်သော သံကူကွန်ကရစ်အမျိုးအစားတံတား ၂ စင်းတို့အား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းနှင့် မိုင်းပေါက်ကွဲမှုကြောင့် မဂျမ်းရိုးတံတား ဒေသအခေါ် တူးမြောင်းတံတားမှာ အနည်းငယ်ပျက်စီးခဲ့ပြီး သစ်ပတ်ချောင်းတံတားမှာ ပျက်စီးမှုကြောင့် ယာဉ်များဖြတ်သန်းသွားလာ၍မရကြောင်း သိရသည်။
ထိုသို့ အများပြည်သူများသွားလာအသုံးပြုလျက်ရှိသည့် သံကူကွန်ကရစ်ချောင်းကူးတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 16, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 15, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ သဘောထားထုတ်ပြန်ချက်
Ministry of Information / Posted on April 16, 2024
ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်းမှ သဘောထားထုတ်ပြန်ချက်
Ministry of Information / Posted on April 16, 2024
ပိန္နဲကုန်းရခိုင်ဂျာမေဗလီမှ သဘောထားထုတ်ပြန်ချက်
Ministry of Information / Posted on April 16, 2024