မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်ရေး၊ နှစ်နိုင်ငံအကြား စီးပွားရေးကဏ္ဍများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ အပြန်အလှန်ဆွေးနွေးညှိနှိုင်းရေးဆွေးနွေး


Ministry of Information/ Naypyitaw / March 29, 2024
image_latest


နေပြည်တော် မတ် ၂၈

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ကို ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တက်ရောက်

အဆိုပါတွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဘာသာရပ်တာဝန်ခံများ ပါဝင်တက်ရောက်ကြသည်။

ခရီးသွားလုပ်ငန်းများဆွေးနွေး

တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများနှင့် ခရီးသွားမြှင့်တင် ကြော်ငြာရေးဆိုင်ရာကိစ္စရပ်များ၊ အဏ္ဏဝါခရီးသွားလုပ်ငန်းအပါအဝင် ခရီးသွားလုပ်ငန်းအမျိုးအစားများ အတူတကွဖော်ထုတ်မြှင့်တင်၍ နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်းနှင့် နှစ်နိုင်ငံခရီးသွားဧည့်သည်များ လွယ်ကူချောမွေ့စွာ ဝင်ရောက်လည်ပတ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံခရီးသွားဝန်ကြီးဌာနတို့အကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုးခဲ့ခြင်းအပေါ် ဆက်လက်အကောင် အထည်ဖော်ရေးကိစ္စရပ်များ၊ မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုးရ- ပုဂ္ဂလိကကိုယ်စားလှယ်များပါဝင်သော ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဖွဲ့စည်း၍ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး၊ ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များ စီစဉ်နိုင်ရေး၊ မြန်မာနိုင်ငံ၏ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင်ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်ရေး၊ နှစ်နိုင်ငံအကြားစီးပွားရေးကဏ္ဍများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ အပြန်အလှန်ဆွေးနွေးညှိနှိုင်းရေး၊ ထိုင်းနိုင်ငံသို့လာရောက်သည့် ပြည်ပ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ပိုမိုလာရောက် လည်ပတ်ကြရေးအတွက် ခရီးစဉ်များ တိုးချဲ့ရေးဆွဲနိုင်ရေး၊ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သော ထိုင်းခရီးသွားဧည့်သည်များ ငွေကြေးသုံးစွဲမှု အဆင်ပြေစေရေးနှင့် နှစ်နိုင်ငံအစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရသည်။

 သတင်းစဉ်

Newspaper

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Ministry of Information / Posted on April 27, 2024

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ကြေညာချက်

Ministry of Information / Posted on April 26, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ

Ministry of Religious Affairs & Culture / Posted on April 25, 2024

စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ ဗုဒ္ဓါဘိသေက အနေကဇာတင်ပါဌ် PDF

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023