ယွန်းအတတ်ပညာကျွမ်းကျင်သူ(၁)နှစ်သင်တန်း၏ ပထမနှစ်ဝက်စာမေးပွဲကျင်းပ


Ministry of Information/ Naypyitaw / May 23, 2024
image_latest


ပုဂံ၊ မေ ၂၃

         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၌ မြန်မာနိုင်ငံတွင် ယွန်းအတတ်ပညာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေစေရန်နှင့် ယွန်းအတက်ပညာရှင်များမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ပုံမှန် သင်တန်းများ နှစ်စဉ် ဖွင့်လှစ်ပို့သင်ကြားပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ယွန်းအတတ်ပညာ ကျွမ်းကျင်သူ (၁)နှစ်သင်တန်း၏ ပထမနှစ်ဝက် ကာလစာမေးပွဲဖြေဆိုခြင်းကို အဆိုပါ ကောလိပ်တွင် ကျင်းပသည်။

             ယွန်းအတတ်ပညာကျွမ်းကျင်သူ(၁)နှစ်သင်တန်းတွင် အခြေခံထည် သစ်/ဝါး၊ ပန်းချီ/ပန်းပု၊ ကညစ်ယွန်း၊ ရွှေဇဝါယွန်း၊ သားရိုးပန်းကြွယွန်းနှင့် အနက်ထည်ယွန်းဟူ၍ ဘာသာရပ် (၆)ခုရှိပြီး ယနေ့တွင် အခြေခံထည် သစ်/ဝါးကို စာတွေ့၊ လက်တွေ့ ဖြေဆိုကြကြောင်း သတင်းရရှိသည်။

          ယွန်းပညာကောလိပ်(ပုဂံ)တွင် ယွန်းအတတ်ပညာဒီပလိုမာသင်တန်း (၂)နှစ်၊ ယွန်းအတတ် ပညာဒီပလိုမာသင်တန်း(၁)နှစ်အထူးနှင့် ယွန်းအတတ်ပညာကျွမ်းကျင်သူသင်တန်း(၁)နှစ်တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းတက်ရောက်နေသူများကို အဆောင်အခမဲ့ နေထိုင်ခွင့်ပေးခြင်း၊ ယွန်းအတတ်ပညာကျွမ်းကျင်သူ(၁)နှစ်သင်တန်းမှ သင်တန်းသားများအား (၁)လလျှင် (၃၀,၀၀၀) ကျပ် ပညာသင်ထောက်ပံ့ကြေး ပေးအပ်လျက်ရှိပြီး ယွန်းအတတ်ပညာဒီပလိုမာသင်တန်း တက်ရောက်ပြီးပါက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်နိုင်ကြောင်း သိရသည်။

Newspaper

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၂၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၂၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်၍ သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ မေ ၃၀ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၃/၂၀၂၄) ဖြင့်...

Ministry of Information / Posted on June 21, 2024

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်၍ သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ မေ ၃၀ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၃/၂၀၂၄) ဖြင့်...

အဝေးသင် သင်တန်းများ ကျောင်းအပ်လက်ခံရက် ထပ်မံနှိုးဆော်

Ministry of Information / Posted on June 21, 2024

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် အဝေးသင်သင်တန်း ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၆-၁၂-၂ဝ၂၃ ရက်နေ့မှ စတင်လက်ခံခဲ့ရာ ၂၈-၆-၂ဝ၂၄ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း၊ ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၅-၂-၂၀၂၄ ရက်နေ့မှ စတင်လက်ခံခဲ့ရာ ၂၈-၆-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း သက်ဆိုင်ရာတက္ကသိုလ်နှင့်...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023