ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားဘာသာသင်ထောက်ကူ Teaching Assistant (TA)နှင့် တိုင်းရင်းသားဘာသာသင် Language Teacher (LT)ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ ရန်ကုန် ဧပြီလ ၁၀


Ministry of Ethnic Affairs/ ရန်ကုန်တိုင်းဒေသကြီး / April 23, 2024
image_latest


တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး ဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ ကရင်စာပေနှင့်ယဉ်ကျေးမှု အသင်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းများ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ဘာသာသင်ထောက်ကူ(TA)နှင့် တိုင်းရင်းသား ဘာသာသင်(LT)ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း (၁/၂၀၂၄)ကို ၂၀၂၄ ခုနှစ် ဧပြီလ(၃)ရက်နေ့မှ (၁၀)ရက်နေ့အထိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ဖွင့်လှစ်ခဲ့ပါသည်။ 

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ (၁၀)ရက်နေ့တွင်ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ သင်တန်းသား သင်တန်းသူဆရာ၊ ဆရာမများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြပါသည်။ 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကရင်နှင့် ရှမ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဌများမှ သင်တန်း၏ အားသာချက်၊ အားနည်းချက် များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ဘာသာသင်ထောက်ကူ Teaching Assistant (TA)နှင့် တိုင်းရင်းသားဘာသာသင် Language Teacher (LT)ဆရာ၊ ဆရာမ(၁၇၃)ဦးအတွက် ဆန်၊ ဆီ၊ အားလူးနှင့် ကြက်သွန်များ ပေးအပ် ထောက်ပံ့ခဲ့ပါသည်။ 

ထို့နောက် မွမ်းမံသင်တန်းတက်ရောက်ခဲ့ကြသည့်(TA/LT) ဆရာ၊ဆရာမများက ကရင် တိုင်းရင်းသားရိုးရာ စကောအကဖြင့် လည်းကောင်း၊ ရှမ်းတိုင်းရင်းသားရိုးရာ ယိမ်းအကဖြင့် လည်းကောင်း ကပြဖျော်ဖြေခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


Newspaper

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

Ministry of Cooperatives and Rural Development / Posted on May 03, 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် ပူးတွဲပါဖိုင်တွင် ဖော်ပြထားသည့် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023