ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ရှိ မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်ရှိ မြို့နယ်အချို့ တွင် ရက်‌ပေါင်း ၄၀ ကြာ သင်ကြားပေးသွားမည့် စာတတ်မြောက်ရေးလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်နိုင်ရေး ပညာရေးဝန်ကြီးဌာနက စီစဉ်လုပ်ဆောင်လျက်ရှိ

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ရှိ မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်ရှိ မြို့နယ်အချို့ တွင် ရက်‌ပေါင်း ၄၀ ကြာ သင်ကြားပေးသွားမည့် စာတတ်မြောက်ရေးလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်နိုင်ရေး ပညာရေးဝန်ကြီးဌာနက စီစဉ်လုပ်ဆောင်လျက်ရှိ


Ministry of Education/ Naypyitaw / September 26, 2023


နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၂၆

ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီးက စာတတ်မြောက်ရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများနှင့် ကျေးလက်အစွန်အဖျား‌ဒေသရှိ ပြည်သူများအားလုံးကို ဦးတည်၍ ရုံးသုံးစာဖြစ်သည့် မြန်မာစာ မြန်မာစကား အရေး၊အဖတ် မတတ်သူများ၊ အခြေခံသင်္ချာဘာသာရပ် မတွက်ချက်တတ်သူများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ဦးတည်အုပ်စုအနေဖြင့် အသက် ၁၅ နှစ်နှင့်အထက် လူငယ်၊အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးပိုင်းအရွယ်များကို သတ်မှတ်၍ စာတတ်မြောက်ရေးလုပ်ငန်း သင်ကြားပေးမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ရှိ မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရက်‌ပေါင်း ၄၀ ကြာ သင်ကြားပေးသွားမည့် စာတတ်မြောက်ရေးလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်နိုင်ရေး ပညာရေးဝန်ကြီးဌာနက စီစဉ်လုပ်ဆောင်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းကို လာမည့်နှစ်နွေရာသီကာလတွင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတစ်ဝန်း သင်ကြားရေးအစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြနိုင်ရေး ဝိုင်းဝန်းဆွေးနွေး တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ကျောင်းပြင်ပပညာရေးဆိုင်ရာ စာတတ်မြောက်ရေး၊ စဉ်ဆက်ပညာရေးနှင့် တန်းညှိပညာရေးဆိုင်ရာ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသူများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

Newspaper

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁၂ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇူလိုင် ၁၁ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 11, 2024

Publication Date: 2024

Page: 32 page

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇူလိုင် ၁၀ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 10, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ မည်သူမဆိုဌားရမ်းနိုင်ကြောင်းကြေငြာခြင်း

Naypyitaw Development Committee / Posted on July 11, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ မည်သူမဆိုဌားရမ်းနိုင်ကြောင်းကြေငြာခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၇/၂၀၂၄)

Union Civil Service Board / Posted on July 11, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၇/၂၀၂၄)

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ခေါ်ယူခဲ့သော လုပ်ငန်းတင်ဒါများ၏ တင်ဒါအောင်မြင်သည့်ကုမ္ပဏီများစာရင်း

Ministry of Electric Power / Posted on July 11, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ခေါ်ယူခဲ့သော လုပ်ငန်းတင်ဒါများ၏ တင်ဒါအောင်မြင်သည့်ကုမ္ပဏီများစာရင်း