လောင်းလုံး၊ စစ်ကိုင်း၊ သံတောင်ကြီးနှင့် ပုသိမ်ကြီးမြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမား များက အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူနိုင်ရေး အခွင့်အလမ်းများပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး
လောင်းလုံး၊ စစ်ကိုင်း၊ သံတောင်ကြီးနှင့် ပုသိမ်ကြီးမြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမား များက အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူနိုင်ရေး အခွင့်အလမ်းများပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး
Ministry of Home Affairs/ နေပြည်တော် / June 10, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော NUG၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတော်အစိုးရမှ ပညာရေးနောက်ကျမှုမရှိစေရန်အတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေပညာသင်ကြားခြင်းများ ဆောင်ရွက်ပေးနေမှုအပေါ် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူနိုင်ရေး အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများဖြစ်ပေါ်လာစေရန် ပညာရေးဆိုင်ရာ အဆောက်အဦများအား လက်နက်ကြီးများ၊ Drone ယာဉ်များအသုံးပြု၍ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်းများအပြင် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၅ ရက်နေ့ နံနက် ၂ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ကျောင်းပင်မဆောင်တံခါးသော့အား ဖျက်ဆီးဝင်ရောက်လာပြီး ဆရာ/ ဆရာမများနားနေဆောင်နံရံနှင့် ကျောင်းဆောင်စင်္ကြံလမ်းရှိ White Board ပေါ်တွင် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူနိုင်ရေး အခွင့်အလမ်းများ ပျက်ပြားစေရန်အတွက် ခြိမ်းခြောက်စာများနှင့် ဆန့်ကျင်စာများရေးသားခဲ့ပြီး ဆရာ/ ဆရာမများ နားနေဆောင်နှင့် စာကြည့်တိုက်အတွင်းရှိ ဘီရို ၁၀ လုံးတို့အား မွှေနှောက်ရှာဖွေဖျက်ဆီးခဲ့သဖြင့် စာအုပ်များနှင့် Cannon IR 3235 အမျိုးအစား မိတ္တူကူးစက်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဆရာ/ ဆရာမ ၅၃ ဦး၊ ကျောင်းသား/ ကျောင်းသူ ၈၀၂ ဦးတို့ တက်ရောက်ပညာသင်ကြားလျက်ရှိစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် ကျောင်းဝင်းအတွင်း အုတ်တံတိုင်းနှင့် အုတ်ရေကန်ကြားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အလားတူ ည ၈ နာရီ ၅၀ မိနစ်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးဝင်းအတွင်း ဆိုင်ကယ်များထားသည့်နေရာအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ အင်အား(စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် အဆိုပါနေရာတွင် မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် မြို့နယ်ပညာရေးမှူးရုံး၏ ပြတင်းပေါက်မှန် ၄ ချပ် နှင့် ဆိုင်ကယ်များထားသည့် အဆောက်အဦသွပ်မိုးများ မိုင်းစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဇွန်လ ၆ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအနီး ပေ ၁၅၀ ခန့် အကွာ လမ်းလယ်ကျွန်းဘေး၌ အကြမ်းဖက်သူ အင်အား(စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် အဆိုပါနေရာတွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန်အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ အပေါ်ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပေးပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်းရရှိသည်။
Newspaper

၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ အောက်တိုဘာ ၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ October 01, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 29, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on September 30, 2023
ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင်ရအေဂျင်စီများစာရင်း(၁၉-၉-၂၀၂၃)ရက်နေ့မှ(၂၁-၉-၂၀၂၃) ရက်နေ့ထိ
Ministry of Labour / Posted on September 29, 2023
ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီစာရင်း (၂၂-၉-၂၀၂၃)
Ministry of Labour / Posted on September 29, 2023