ကျေးဇူးတင်လွှာ


Ministry of Information/ Naypyitaw / June 08, 2023
image_latest


နေပြည်တော် ဇွန် ၇

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဗန်းမော်ကျောင်း တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး (သက်တော် (၉၄) နှစ်၊ သိက္ခာတော် (၇၄) ဝါ) သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက် (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

အဆိုပါ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓု ကီဠန ပူဇာသဘင်အခမ်းအနားကို နာယကဆရာတော်ကြီးများ၏ ဩဝါဒများခံယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ဇွန် ၆ ရက်နေ့တွင် အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာ သဘင်အခမ်းအနားကို အန္တိမပူဇာသဘင်ဆင်ယင်ခြင်း၊ ချမ်းမြသာစည် ဈာပနပကွင်းသို့ ကရဝိက်ယာဉ်တော်ဖြင့် ပင့်ဆောင်ခြင်း၊ အန္တိမဈာပနပူဇာသဘင်ဆင်ယင်ခြင်း၊ ယနေ့တွင် သရီရဓာတုပဝါဟနပူဇာ ဓာတ်ပြာတော်များအား ဧရာဝတီမြစ်၊ မရမ်းခြံဆိပ်ကမ်း၌ ရေမျှောပူဇော်ခြင်းအခမ်းအနားတို့ဖြင့် စည်းကားသိုက်မြိုက်စွာ ဆောင်ရွက်ခဲ့သည်။

ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနား၏ အန္တိမပူဇာသဘင်တွင် သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာကိုဖတ်ကြားပူဇော်ခဲ့သည့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ ဓမ္မသံဝေဂကထာတရားမြွက်ကြားတော်မူခဲ့သည့် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသနှင့် အခမ်းအနားသို့ ကြွရောက်တော်မူသည့် နိုင်ငံတော် ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီးများ၊ ရဟန်းသံဃာများနှင့် သာသနာ့နွယ်ဝင်သီလရှင်များ အားလည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားအား နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီး သံဃနာယကအဖွဲ့နှင့် မြို့နယ်သံဃနာယက အဖွဲ့များမှ ဆရာတော် သံဃာတော်များ၊ ဦးစီးကော်မတီနှင့်လုပ်ငန်း ကော်မတီအသီးသီးမှ တာဝန်ရှိသူများအား လည်းကောင်း၊ အန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားသို့ တက်ရောက်ပူဇော်ခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တပ်ရင်း/ တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များ၊ ဘာသာပေါင်းစုံ အသင်းအဖွဲ့များ၊ ကရဝိက်ဖောင်တော်၊ ဒေဝါဝင်း၊ ရာဇာဝင်းဖြင့် ပါဝင်ပူဇော်ပေးပါသော အားကစားနှင့်ကာယ ပညာသိပ္ပံ(မန္တလေး)မှ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာတော်ဘုရားကြီး၏ ဆွေတော်မျိုးတော်များ၊ တပည့်ဒါယကာ ဒါယိကာမများ၊ ဥပါသကာများ၊ သံဝေဂဂါထာဖြင့် ပူဇော်ပေးသည့် မန္တလေးသိန်းဇော်နှင့် အနုပညာရှင်များအား လည်းကောင်း၊ ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပအကြီးအကဲများနှင့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းအသီးသီးအား လည်းကောင်း၊ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားတွင် လောင်တိုက်တော်နှင့် မဏ္ဍပ်များမှအစ စနစ်တကျစီမံပေးပါသော ဆရာတော်အရှင်သူမြတ်များနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားနှင့် သရီရ ဓာတုပဝါ ဟနပူဇာ ဓာတ်ပြာတော်များအား ရေမျှောပူဇော်ခြင်း အခမ်းအနားများအား တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ပေးပါသော ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီ ရုပ်မြင်သံကြား၊ SKY NET နှင့် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသူများ၊ ကျေးဇူးတင်ထိုက်သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ဗန်းမော်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားကျင်းပရာ စံကျောင်းတော်နှင့် ချမ်းမြသာစည် ဈာပနကွင်းသို့ ပင့်ဆောင်ပူဇော်ရာတွင် လမ်းဘေးဝဲယာတစ်လျှောက်မှ စနစ်တကျနှင့် စည်းကမ်းရှိစွာ ဂါရဝပြုဖူးမြော်ကြည်ညိုခဲ့ကြသည့် ​ပြည်သူများ၊ သရီရ ဓာတုပဝါဟနပူဇာ ဓာတ်ပြာတော်များအား ရေမျှောပူဇော်ခြင်းအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ကြသူများနှင့် စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းခဲ့ကြသူများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

 

အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲကျင်းပရေးဦးစီးကော်မတီ

Newspaper - 2760 items

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download