နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / June 08, 2023
image_latest


နေပြည်တော် ဇွန် ၇

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ သမဝါယနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ ဖြစ်ကြသော ဦးခင်မောင်ဦးနှင့် ဦးကျော်ဆန်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဦးကျော်စိန်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဌာနအကြီးအကဲများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြ သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က ယခုသင်တန်းတွင် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအနေဖြင့် သိသင့်သိထိုက်သည့် ဥပဒေရေးရာကိစ္စရပ်များဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေရေးဆွဲခြင်း၊ စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေများ လက်တွေ့အသုံးချမှု၊ ပြစ်မှုဆိုင်ရာနှင့် အထူးဥပဒေများ လက်တွေ့အသုံးချမှု၊ တရားမဆိုင်ရာကိစ္စများ၊ အထွေထွေဥပဒေအကြံပေးရေးဆိုင်ရာ ကိစ္စများကို ဥပဒေရေးရာနယ်ပယ်တွင် အတွေ့အကြုံများစွာရှိသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ အကြီးအကဲများ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အငြိမ်းစားယူပြီးသည့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်ကြီးများ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက သင်ကြားပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းပြီးမြောက်အောင် တက်ရောက်ခဲ့သည့် သင်တန်းသားများကိုလည်း ဥပဒေရေးရာ ကျွမ်းကျင်ကြောင်း အသိအမှတ်ပြုလက်မှတ် (Certificate)များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ဥပဒေသင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက ဥပဒေဒီပလိုမာဘွဲ့ ပေးအပ်ချီးမြှင့်နိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။

ယခုသင်တန်းကို အပတ်စဉ် ကြာသာပတေးနေ့၊ သောကြာနေ့နှင့် စနေနေ့များတွင် နံနက် ၇ နာရီခွဲမှ ၁၀ နာရီအထိ ရက်သတ္တပတ် ၁၀ ပတ်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ဤသင်တန်းမှ သင်ကြားပို့ချပေးသည့် ဥပဒေပညာ ရပ်များကို မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချ ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ ဝန်ကြီးဌာနအကျိုး၊ နိုင်ငံတော်အကျိုးအတွက် ကောင်းစွာဆောင်ရွက်နိုင် ကြပါစေကြောင်း ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် တက်ရောက်လာကြ သူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။

အဆိုပါသင်တန်းသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ တပ်ဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် အထွေထွေမန်နေဂျာစသည့် သင်တန်းသား သင်တန်းသူ ၃၇ ဦး တက်ရောက်ကြောင်း သိရသည်။

 သတင်းစဉ်

Newspaper - 2460 items

၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ အောက်တိုဘာ ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ အောက်တိုဘာ ၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 30, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 29, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်၊ စက်တင်ဘာ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 28, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 27, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 26, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 25, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 24, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 23, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download