ပုလော၊ မုံရွာနှင့် ငါန်းဇွန်မြို့နယ်တို့၌ PDF အမည်ခံအကြမ်းဖက်သမားများက အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူနိုင်ရေး အခွင့်အလမ်းများပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး


Ministry of Home Affairs/ နေပြည်တော် / May 30, 2023


        အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော NUG၊ CRPH နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်အစိုးရမှ ပညာရေး နောက်ကျမှုမရှိစေရန်အတွက် များမကြာမီကာလအတွင်း စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးနေမှုအပေါ် အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူနိုင်ရေး အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစား များဖြစ်ပေါ်လာစေရန် ပညာရေးဆိုင်ရာ အဆောက်အဦများအား လက်နက်ကြီးများ၊ Drone ယာဉ် များအသုံးပြု၍ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ် များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်းများအပြင် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေး ကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
    ထိုသို့ဆောင်ရွက်လျက်ရှိရာ မေလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မန်ကျည်းကုန်းကျေးရွာနေ ကဒဲကျေးရွာအခြေခံပညာအလယ်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်စုလတ်ဖြူ(၃၄)နှစ် (ဘ)ဦးစန်းအောင်သည် မြို့နယ်ပညာရေးမှူးရုံးမှ မကျည်းကုန်းကျေးရွာသို့ ပြန်လာစဉ် ၎င်း၏နေအိမ်ရှေ့အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ အဆိုပါနေအိမ်အတွင်းရှိနေသည့် မိသားစုဝင်များအား မောင်းထုတ်၍ နေအိမ်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့် သွပ်မိုး/အုတ်ညှပ် ၁ ထပ်နေအိမ်တစ်လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
     အလားတူ ညနေ ၄ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ GTC နည်းပညာတက္ကသိုလ်ကျောင်းမှ ဝန်ထမ်းများဖြစ်ကြသည့် စက်မှုအင်ဂျင်နီယာနည်းပြ ဦးသူရစိုး (၂၇)နှစ် (ဘ)ဦးကျော်စိုး၊ MC နည်းပြ ဦးမင်းအောင်ဝေ(၂၉)နှစ် (ဘ)ဦးကျော်သူနှင့် EC နည်းပြ ဦးကျော်ခိုင်ထွေး(၂၇)နှစ် (ဘ)ဦးကျော်အေးတို့သည် ယာဉ်မောင်းဖြစ်သူ ကိုဝေယံထွန်း(၂၆)နှစ် (ဘ) ဦးသိန်းထွန်းမောင်းနှင်သည့် ယာဉ်အမှတ် SGG-1S/XXXX MISTUBISHI MINICUB ခဲရောင်ယာဉ်ဖြင့် မြေနဲကျေးရွာဘက်မှ GTC နည်းပညာတက္ကသိုလ်ကျောင်းသို့ ထွက်ခွာလာစဉ် မြေနဲကျေးရွာထိပ်ရှိ အေးသာဇရပ်အနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ဦးသူရစိုးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရ သည်။
     အလားတူ မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြှာကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသို့ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က Drone ယာဉ်ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါ ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်ဟောင်းဖြစ်သည့် မြဝတီဆောင်နှင့် ကျောင်း၏အရှေ့ဘက်ကပ်လျက်ရှိ ဒေါ်အေးပိုင် (၈၀)နှစ် (ဘ)ဦးမြသန်း၏ နေအိမ်ခြံဝင်းအတွင်းသို့ Drop Bomb ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်အမိုးသွပ် ၁၁ ချပ်ပျက်စီးဆုံးရှုံးခဲ့ကာ ဒေါ်အေးပိုင်တွင် ဗုံးသီးစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    အထက်ပါဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပေးပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ် များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်းရရှိ သည်။

Newspaper - 2737 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download