မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်


Ministry of Home Affairs/ နေပြည်တော် / March 27, 2023


    တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်း မရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
    ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ မတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲတွင် ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပြည်တော်သာကျေးရွာနေ ဦးစိုးသူအောင်(၃၀)နှစ် (ဘ) ဦးလှမြင့်နှင့် ဇနီးဖြစ်သူ ဒေါ်ယုဝါနှင်း(၄၀)နှစ် (ဘ)ဦးကျော်မြင့်တို့သည် ၎င်းတို့၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး ဦးစိုးသူအောင်အား ရိုက်နှက်၍ ဒေါ်ယုဝါနှင်းအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်ယုဝါနှင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဦးစိုးသူအောင်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေကျင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    အလားတူ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရာအိမ်မှူးဖြစ်သူ ဦးတင်လှိုင်ဝင်း (၄၈)နှစ် (ဘ)ဦးကျော်ညွန့်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၃ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ကာ နေအိမ်ခြံဝင်း အတွင်း ရပ်တန့်ထားသည့် ဦးတင်လှိုင်ဝင်းပိုင် Ficon-110 အဖြူရောင်ဆိုင်ကယ်အား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့သဖြင့် ဦးတင်လှိုင်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေဘိုခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    အလားတူ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တံတားဖြူကျေးရွာအနီး ရေပေးဝေသည့် ရေမြောင်းဘောင်ပေါ်၌ အမျိုးသား ၂ ဦးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ အဆိုပါနေရာတွင် အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသား ၁ ဦး(စိစစ်ဆဲ)တွင် မျက်နှာဖူးရောင်ကြေမွ ဒဏ်ရာ၊ အသက်(၂၁)နှစ်ခန့်ရှိ အမျိုးသား ၁ ဦး(စိစစ်ဆဲ)တွင် ဦးခေါင်းထိပ်ပွင့်ထွက်ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သေဆုံးသူများအား မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။
    အလားတူ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာရှိ ကျောက်တံတားအခြေခံပညာအထက်တန်းကျောင်း၏ တောင်ဘက်လမ်းပေါ်၌ အမျိုးသား ၁ ဦး သေဆုံး နေသည်ကို တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် အသက်(၂၃)နှစ်ခန့်ရှိ အမျိုးသား ၁ ဦး(စိစစ်ဆဲ)တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သေဆုံးသူအား မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား ရှိကြောင်း သိရသည်။
    အလားတူ ည ၆ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာနှင့် လှေဆွဲကျေးရွာသွား လမ်းပေါ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အင်းဖျားကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းစန်း(၆၂)နှစ် (ဘ)ဦးကြီးရွှေသည် တစ်ရွာတည်းနေ ဦးဆန်းမင်း (၄၇)နှစ် (ဘ)ဦးကျော်ဝင်းမောင်းနှင်သည့် ဆိုင်ကယ်ဖြင့် အဆိုပါကျေးရွာထိပ်ရှိ ဘောလုံးကွင်းမှ ၎င်း၏ နေအိမ်သို့ ပြန်လာစဉ် အခင်းဖြစ်နေရာအရောက် လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား ၃ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးထွန်းစန်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
  အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper - 2570 items

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Information Sheet (29-11-2023) / Burmese (Myanmar Version)


Publisher: Information Sheet/ November 30, 2023

Publication Date: 2023

Page: 26

Language: Burmese (Myanmar Version)

Download

Information Sheet (29-11-2023) / English Version


Publisher: Information Sheet/ November 30, 2023

Publication Date: 2023

Page: 26

Language: English Version

Download