ယွန်းအတတ်ပညာကျွမ်းကျင်သူ(၁)နှစ်သင်တန်း၏ ပထမနှစ်ဝက်စာမေးပွဲကျင်းပ


Ministry of Information/ Naypyitaw / May 23, 2024
image_latest


ပုဂံ၊ မေ ၂၃

         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၌ မြန်မာနိုင်ငံတွင် ယွန်းအတတ်ပညာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေစေရန်နှင့် ယွန်းအတက်ပညာရှင်များမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ပုံမှန် သင်တန်းများ နှစ်စဉ် ဖွင့်လှစ်ပို့သင်ကြားပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ယွန်းအတတ်ပညာ ကျွမ်းကျင်သူ (၁)နှစ်သင်တန်း၏ ပထမနှစ်ဝက် ကာလစာမေးပွဲဖြေဆိုခြင်းကို အဆိုပါ ကောလိပ်တွင် ကျင်းပသည်။

             ယွန်းအတတ်ပညာကျွမ်းကျင်သူ(၁)နှစ်သင်တန်းတွင် အခြေခံထည် သစ်/ဝါး၊ ပန်းချီ/ပန်းပု၊ ကညစ်ယွန်း၊ ရွှေဇဝါယွန်း၊ သားရိုးပန်းကြွယွန်းနှင့် အနက်ထည်ယွန်းဟူ၍ ဘာသာရပ် (၆)ခုရှိပြီး ယနေ့တွင် အခြေခံထည် သစ်/ဝါးကို စာတွေ့၊ လက်တွေ့ ဖြေဆိုကြကြောင်း သတင်းရရှိသည်။

          ယွန်းပညာကောလိပ်(ပုဂံ)တွင် ယွန်းအတတ်ပညာဒီပလိုမာသင်တန်း (၂)နှစ်၊ ယွန်းအတတ် ပညာဒီပလိုမာသင်တန်း(၁)နှစ်အထူးနှင့် ယွန်းအတတ်ပညာကျွမ်းကျင်သူသင်တန်း(၁)နှစ်တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းတက်ရောက်နေသူများကို အဆောင်အခမဲ့ နေထိုင်ခွင့်ပေးခြင်း၊ ယွန်းအတတ်ပညာကျွမ်းကျင်သူ(၁)နှစ်သင်တန်းမှ သင်တန်းသားများအား (၁)လလျှင် (၃၀,၀၀၀) ကျပ် ပညာသင်ထောက်ပံ့ကြေး ပေးအပ်လျက်ရှိပြီး ယွန်းအတတ်ပညာဒီပလိုမာသင်တန်း တက်ရောက်ပြီးပါက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်နိုင်ကြောင်း သိရသည်။

Newspaper - 2802 items

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၁၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ ဇွန် ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 11, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ ဇွန် ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 11, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ ဇွန် ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ ဇွန် ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ ဇွန် ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download