သမိုင်းဂုဏ်ရောင်ထွန်းပြောင် အစဉ်အလာကြီးမားသည့်တပ်မတော်


Ministry of Information/ Naypyitaw / March 27, 2023
image_latest


ယနေ့သည် ၂၀၂၃ ခုနှစ် (၇၈)နှစ်မြောက် တပ်မတော်နေ့ဖြစ်သည်။ တပ်မတော်သည် တိုင်းရင်းသားပြည်သူတို့နှင့် တစ်သားတည်း၊ အမျိုးသားလွတ်မြောက်ရေးသမိုင်းစဉ်နှင့် တစ်ဆက်တစ်စပ်တည်း အမျိုးသားနိုင်ငံရေးအသိ အပြည့်အဝဖြင့် ပေါက်ဖွားလာခဲ့သော တပ်မတော်ဖြစ်သည်။ သူ့ကျွန်မခံစွန့်စားသည့် လက်နက်ကိုင်တိုက်ပွဲများ၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်အပြည့်ဖြင့် လှုပ်ရှားခဲ့သည့် နိုင်ငံရေးတိုက်ပွဲများ၊ ပြည်တွင်း/ပြည်ပရန်စွယ် အန္တရာယ်ဟူသမျှကို ချေမှုန်းခဲ့သည့် တိုက်ပွဲများဖြင့် သမိုင်းဂုဏ်ရောင်ထွန်းပြောင်စွာ မော်ကွန်းရေးထိုးထားနိုင်ခဲ့သော တပ်မတော်ဖြစ်သည်။

တပ်မတော်သည် အမိနိုင်ငံတော်အား ကာကွယ်စောင့်ရှောက်ရာတွင် ခန္ဓာ၊ ခြေလက်၊ အသက်များကိုပင်ပေးဆပ်ရန် မတွန့်မဆုတ်ဘဲ နိုင်ငံတော်နှင့် တိုင်းရင်းသားမိဘပြည်သူတို့အပေါ် ကာကွယ်စောင့်ရှောက်ခဲ့မှုများမှာ ညွှန်းဆိုဖော်ပြ၍ မကုန်နိုင်အောင်ပင်ဖြစ်သည်။ ခေတ်သမိုင်းအဆက်ဆက်တွင် မည်သည့်အဖွဲ့အစည်း နှင့်မျှမတူသော အနစ်နာခံစွန့်လွှတ်စွန့်စားမှု၊ တပ်မတော်၏ စွမ်းဆောင်နိုင်ခဲ့မှုများကို လေ့လာကြည့်မည်ဆိုပါက တပ်မတော်အပေါ် ယုံမှားသံသယရှိမည်မဟုတ်ပေ။ တပ်မတော်ကြီး စတင်ဖွဲ့စည်းစဉ်ကပင် နိုင်ငံတော်အတွက်နှင့် တိုင်းရင်းသားမိဘ ပြည်သူများအတွက်ဖြစ်သကဲ့သို့ ပစ္စုပ္ပန်ကာလတွင်လည်းကောင်း၊ အနာဂတ်ကာလတွင်လည်းကောင်း နိုင်ငံတော်အတွက်၊ ပြည်သူအတွက်ပင်ဖြစ်ပါသည်။

မျက်မှောက်ကာလ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲအကျပ်အတည်း စိန်ခေါ်မှုများအားလုံးတို့သည် ကိုလိုနီခေတ်တွင် မြစ်ဖျားခံခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလဆယ်စုနှစ်များစွာတိုင်အောင် ယနေ့အချိန်အထိ နိုင်ငံတော်က ဖြေရှင်းဆောင်ရွက်နေရဆဲဖြစ်သည်တို့ကို သတိမူသုံးသပ်ရှုမြင်ကြည့်လျှင် တပ်မတော်က နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား၊ အမျိုးသားရေးတာဝန်များအား ပါဝင်ထမ်းဆောင်ရသည့်အကြောင်းရင်းကို နားလည်လက်ခံကြမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့ကြသည့် နိုင်ငံများသည် ကိုလိုနီဒဏ်ရာဒဏ်ချက်များကို ကုစားကာ ရုန်းထလိုသောစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နိုင်ငံတော်ကို လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြသောကြောင့် ဖွံ့ဖြိုးတိုးတက်လာကြသည်ကို နမူနာယူသင့်သည်။

မြန်မာနိုင်ငံတွင်လည်း လက်ရှိကြုံတွေ့နေရသော နိုင်ငံရေးနှင့်လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘောထားကြီးစွာဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန် အချိန်ကျရောက်နေပြီဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောရေးအတွက် တပ်မတော်၏ရည်မှန်းဆောင်ရွက်ချက်များကို (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များတွင် ထင်ဟပ်ပေါ်လွင်စွာ မြင်တွေ့ရမည်ဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး(၃)ပါးကို အပြည့်အဝအောင်မြင်စွာ ထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးနှင့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရေးတို့အား ထမ်းဆောင်ရေးသည် တပ်မတော်၏ အဓိကတာဝန်ဖြစ်သည်။

ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းကို လျှောက်လှမ်းရာတွင် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးသည် ပကတိလိုအပ်ချက်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)ပါ သဘောတူညီချက်များအပေါ်အခြေခံ၍ ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်ရေး၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တိုင်းတွင် ကျရာအခန်းကဏ္ဍများမှ အားသွန်ခွန်စိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး တပ်မတော်ကလိုအပ်သည်များ ကူညီဆောင်ရွက်ပေးရေးဟူသည့် (၇၈)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များကို တပ်မတော်က ထမ်းဆောင်နေခြင်းသည် သမိုင်းပေးတာဝန်၊ အမျိုးသားရေးတာဝန်များဖြစ်သည်။

သို့ဖြစ်ရာ တပ်မတော်သည် တိုင်းပြည်လွတ်လပ်ရေး၊ လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍများတွင် တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲ၍ ကြိုးပမ်းဆောင်ရွက်မှုများတွင် အစဉ်အလာကြီးမားခဲ့သည့် တပ်မတော်ဖြစ်သည်နှင့်အညီ မျက်မှောက်ကာလတွင်လည်း အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားရေးတာဝန်များကို ချမှတ်ထားသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များအတိုင်း နိုင်ငံတော်နှင့် တိုင်းရင်းသား မိဘပြည်သူများအကျိုးစီးပွားအတွက် ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်

Newspaper - 2578 items

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Information Sheet (4-12-2023) / Burmese (Myanmar Version)


Publisher: Information Sheet/ December 06, 2023

Publication Date: 2023

Page: 38

Language: Burmese (Myanmar Version)

Download

Information Sheet (4-12-2023) / English Version


Publisher: Information Sheet/ December 06, 2023

Publication Date: 2023

Page: 38

Language: English Version

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 06, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download