အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ


Ministry of Home Affairs/ နေပြည်တော် / February 08, 2023


အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ သီသီနိုင်သည် ၎င်းအသုံးပြုသည့် “Phoo Ngone(Daw Thi Thi Naing)” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်နေ ကြည်ဖြူစိမ့် (ခ)စိမ့်စိမ့်နှင့် စံပယ်အိမ်ရာနေ ရွှေလီ(ခ)လီလီတို့သည် ၎င်းတို့အသုံးပြု သည့် “Kyi Phyu Seint” Facebook အကောင့်နှင့် “May Ya Mone” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Newspaper - 2194 items

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်၊ ဧပြီ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်၊ ဧ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက်၊ မတ် ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

29-3-2023 Information Sheet (English)


Publisher: MOD/ March 30, 2023

Publication Date: 2023

Page: 16

Language: English

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက်၊ မတ် ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်၊ မတ် ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်၊ မတ် ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်၊ မတ် ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်၊ မတ် ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်၊ မတ် ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download