ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ စာကြည့်တိုက်များဖွင့်ပွဲတက်ရောက်ဖွင့်လှစ်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / June 21, 2025


ဘားအံ ဇွန် ၂၁

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များသည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ စာကြည့်တိုက်များဖွင့်ပွဲသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြသည်။

ဦးစွာ ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ် သိန်း(၁၅၀)ဖြင့် ဆောက်လုပ်ခဲ့သည့် ပန်တော်ရိပ် စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စာကြည့်တိုက်ကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပါဝင်အားဖြည့်ကူညီပေးကြသည့် ယဉ်ကျေးမှုမောင်မယ်များအား ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများက စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ်ကမ္ပည်း မော်ကွန်အား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြပြီး စာကြည့်တိုက်အတွင်း ပညာရပ်အလိုက် စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှုနှင့် ဒေသခံများလာရောက်စာပေလေ့လာဖတ်ရှုနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေး ကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ်(၂)ရပ်ကွက် အုန်းတော၊ ဆွေမြတ်မျိုးကြွယ် ပရိယတ္တိ စာသင်တိုက်ရှိ ပညာဘဏ် စာကြည့်တိုက်ဖွင့်ပွဲကိုကျင်းပရာ မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရကျောင်းဦးစီးပဓာန နာယက ဒုတိယမြိုင် ကြီးငူဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ သီရိပျံချီ ဘဒ္ဒန္တဉာဏိက၊ ဆွေမြတ်မျိုးကြွယ် ပရိယတ္တိစာသင်တိုက် နာယကဆရာတော်ဘဒ္ဒန္တခေမိက၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသူများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြကာ စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် အဆိုပါစာကြည့်တိုက်အဆောက်အအုံသစ်များ ဖွင့်ပွဲအခမ်းအနားကို ဆွေးမြတ်မျိုးကြွယ်ပရိယတ္တိ စာသင်တိုက် သီရိဓမ္မဓမ္မာရုံ၌ ကျင်းပရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒေသခံပြည်သူများ ကျောင်းသား၊ကျောင်းသူများအသိပညာဗဟုသုတတိုးပွား စေရန်အတွက် စာကြည့်တိုက်သို့သွားရောက်ပြီး စာပေဖတ်ရှုလေ့လာစေခြင်း၊ အသိပညာဗဟုသုတများကိုကူးယူရေး မှတ်စေခြင်း၊ ဆွေးနွေးတိုင်ပင်စေခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်စေရေး တိုက်တွန်းနိုးဆော်ပေးကြစေလိုကြောင်း၊ မိမိတို့လက်လှမ်းမှီနိုင်သည့်နေရာတိုင်းတွင် စာပေဖတ်ရှုနိုင်ရန် ကျေးရွာတိုင်း/ရပ်ကွက်တိုင်းတွင် စာကြည့်တိုက်များ ရှိအောင် ဆောင်ရွက်ပေးနေခြင်းဖြစ်သည့်အတွက် မိမိတို့ဘဝကိုအောင်မြင်တိုးတက်အောင်၊ အမှားအမှန်ခွဲခြားနိုင် အောင်၊ အသိပညာဗဟုသုတများတိုးပွားအောင် စာကြည့်တိုက်ကိုသွားရောက်ပြီး စာပေလေ့လာဖတ်ရှုကြစေလို ကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရ ကျောင်း ဦးစီးပဓာန နာယက ဒုတိယမြိုင် ကြီးငူဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ သီရိပျံချီ ဘဒ္ဒန္တဉာဏိက

ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များရွတ်ဖတ်သရဇ္ဈာယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ မဟာမင်္ဂလဓမ္မဇောတိကဓဇဘဒ္ဒန္တသီရိဓမ္မထံမှ ဩဝါဒကထာကို နာယူကြည်ညိုကြသည်။

ထို့နောက် စေတနာရှင်အလှူရှင်များက ပန်တော်ရိပ်စာကြည့်တိုက်အတွက် ငွေပဒေသပင်ကျပ် ၁၀ သိန်းကို ပြည်နယ်ဝန်ကြီးထံပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့က အဆိုပါ စာကြည့်တိုက်နှစ်တိုက်အတွက် သုတ၊ရသစာအုပ်စာစောင် ၁၅၀ အုပ်စီကို ပြည်နယ်လှူမှုရေးဝန်ကြီးထံ ပေးအပ်လှူ ဒါန်းရာ ပြည်နယ်ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာ ကမမောင်းမြို့အုပ်ချုပ်ရေးမှူးက ပန်တော်ရိပ်စာကြည့်တိုက်နှင့်ပတ်သက်သည့်အချက်အလက်များကို စာကြည့်တိုက်ကော်မတီဝင်တစ်ဦးထံ လွှဲပြောင်း ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆရာတော်၊သံဃာတော်များအား ဆန်၊ ဆီ၊ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါသည်။

Newspaper - 3460 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download