ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / July 24, 2025

ဘားအံ ဇူလိုင် ၂၄
၂၀၂၅ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၉ နာရီက ဘားအံ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့်ဖာပွန်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံမြို့နယ်အသင်းက ၇ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ပွဲစဉ်တစ်လျှောက်ဂိုးသွင်းအများဆုံးအားကစားသမားဆု၊ ဂိုးသမား အကောင်းဆုံးဆု၊ အကောင်းဆုံးအားကစားသမားဆုရရှိကြသောအားကစားသမားများနှင့် တတိယဆုရရှိသော သံတောင်ကြီးမြို့နယ်အသင်း၊ ဒုတိယဆုရရှိသော ဖာပွန်မြို့နယ်အသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အနိုင်ရဗိုလ်စွဲသွားသော ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု (၁၀ )သိန်းကျပ်တို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ဆုရရှိကြသော အားကစားသမား များနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့်တာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)ရှိ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများနှင့် အထူးနေ့လယ်စာကို သုံးဆောင်ကြရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ရွေးချယ်ထားသည့် ဘာသာရပ်အသီးသီးတွင် သက်ဆိုင်ရာပညာရပ်များကိုကြိုးစားသင်ယူ၍ ပြောင်းလဲတိုးတက်နေသည့်နည်းပညာရပ်များကို အမြဲမပြတ်လေ့လာ ဆည်းပူးရင်း ထူးချွန်ထက်မြတ်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်း ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလို ကြောင်းပြောကြားပြီး အထူးနေ့လယ်စာအတွက် ငွေကျပ် ခုနှစ်သိန်းနှစ်ထောင့်ငါးရာကျပ်ကို ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရစက်မှုလက်မှုအထက်တန်းကျောင်း(ဘားအံ)မှ ကျောင်း သား၊ကျောင်းသူ၊ ဆရာ၊ဆရာမများနှင့်အတူ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများအား ရင်းနှီးနွေးထွေးစွာ လိုက်လံတွေ့ဆုံနှုတ်ဆက်၍ အားပေးစကား များပြောကြားခဲ့ပါသည်။
Newspaper - 3235 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ ဇူလိုင် ၂၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download