ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦ ဘားအံမြို့တောင်ဝိုင်းတောင် ခရီးစဉ်ဒေသအား ကြည့်ရှု အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားတက်ရောက်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦ ဘားအံမြို့တောင်ဝိုင်းတောင် ခရီးစဉ်ဒေသအား ကြည့်ရှု အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားတက်ရောက်
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / August 15, 2025
ဘားအံ ဩဂုတ် ၁၅
ကရင်ပြည်နယ်၊ ဘားအံမြို့သည် မိုးရာသီတွင် စိမ်းစိုလှပသော တောတောင်သဘာဝရှုခင်းအလှအပများ ကြောင့် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်လျက်ရှိရာ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့၏ တောင်ဝိုင်းတောင်ခရီးစဉ်ဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ဝိုင်းခရီးစဉ်ဒေသ၌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော အများသုံးသန့်စင်ခန်း(၄)ခန်းတွဲ (၂)လုံးတည်ဆောက်ခြင်းလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး ပြီး သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေးကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ဝိုင်းခရီးစဉ်ဒေသသို့လာရောက်လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားဧည့်သည်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ခွင့်ပြုငွေ ၃၁ ဒဿမ ၅ သန်းဖြင့်ဆောင်ရွက်သော တောင်ဝိုင်းတောင်တက်လမ်း လက်ရန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တောင်တက်လမ်း လက်ရန်းအရှည်ပေ(၁၂၀၀)ခန့် ဆောင်ရွက်ပြီးစီးမှုနှင့်ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ ဆောင်ရွက်ပြီးသောလက်ရန်းအားအသုံးပြု၍ ခရီးသွားဧည့်သည်များ တောင်ဝိုင်းတောင် ပေါ်သို့တက်ရောက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ဝိုင်းတောင်ခရီးစဉ်ဒေသ ယာဉ်ရပ်နားရန်နေရာနှင့် ဈေးဆိုင်ခန်းများအား ကြည့်ရှုစစ်ဆေးပြီး ဈေးဆိုင်များခေတ်စနစ်နှင့်အညီစနစ်တကျရှိစေရေး၊ မော်တော်ယာဉ် ရပ်နားရန်နေရာများ ကျယ်ကျယ်ဝန်းဝန်းနှင့်စနစ်တကျရှိစေရေး တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ငွေလုံးငွေရင်း)ခွင့်ပြုရန်ပုံဖြင့် ဆောင်ရွက်သော တောင်ဝိုင်းတောင်ပတ်လမ်း မြေသားလမ်း (၇၈၈၄)ပေ အား အမာခံလမ်းဆောင်ရွက်ခြင်း၊ (၆၀)ပေသံကူ ကွန်ကရစ်တံတားတစ်စင်း၊ အမာခံလမ်း(၂၆၇၆)ပေနှင့် Box Culvert ၅ စင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ခရီးစဉ်ဒေသဖြစ်သည့်အတွက် အများ ပြည်သူစိတ်အေးချမ်းသာစွာသွားလာလည်ပတ်နိုင်ရေး သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်တာဝန်ရှိသူများအားမှာကြာကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုနှင့် ကျောင်းကျန်းမာရေးသီတင်း ပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း မြတ်ပညာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အခမ်းအနားသို့တက်ရောက်လာသူများသည် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် မှတ်တမ်း Video Clip ကို ကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထက်တန်း၊ အလယ် တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ မိခင်နို့တိုက်ကျွေးမှုစံပြမိခင်ဆုရရှိသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ဆုရ စာစီစာကုံးလက်ရာများ၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့်ကျောင်းကျန်းမာရေးသီတင်းပတ်များ လှုပ်ရှားခဲ့မှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုအားပေးခဲ့ကြပြီး ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား အာဟာရလက်ဆောင်များ ပေးအပ်ချီးမြှင့်ကာ အသက်(၅)နှစ်အောက်ကလေးများအား ဗီတာမင်အေဆေးလုံးများ တိုက်ကျွေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလေးသူငယ်များအား ကြက်သားဆန်ပြုတ်များတိုက်ကျွေး ကြပြီး မိခင်နှင့်ကလေးအသင်းဝင်များက အာဟာရပြည့်ဝသည့်စားသောက်မှုပုံစံများ သရု်ပပြချက်ပြုတ်ခြင်းကို ကြည့်ရှုအားပေးခဲ့ပါသည်။
Newspaper - 3374 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
