ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 05, 2026
ဘားအံ - မေ (၅)
မေလ ၅ ရက်နေ့တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မီးဘေးအန္တရာယ်နှင့်သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့်ကွပ်ကဲမှုမပြတ်စေရန် ခေတ်မီ စနစ်ဖြစ်သော Command and Control Center ကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဆက်သွယ်ရေးစနစ် များ ပြတ်တောက်သွားချိန်တွင် အရေးပေါ်တုံ့ပြန်နိုင်ရေးနှင့်ကွပ်ကဲမှုမပြတ်စေရန်အတွက် Advance Emergency Response System(PHASE-1) တစ်စုံကိုဝယ်ယူဖြည့်တင်းပေးခဲ့ပြီး (PHASE-2)သို့ အဆင့်မြှင့်တင်ပေးခဲ့ကြောင်း၊ နှစ်စဉ် ရေကြီးရေလျှံမှုများဖြစ်ပွားလေ့ရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးစက်လှေ(၅)စီးနှင့် Water Rescue Robot (Life Bouy) သုံးစုံ၊ မီးသတ်ယာဉ်များလွယ်ကူစွာဝင်ရောက်ရန်ခက်ခဲသောနေရာများအတွက် Portable Fire Pump (၁၀)လုံး၊ Water Mist Fire Extinguisher (၁၀)လုံးတို့ကို ဝယ်ယူဖြည့်တင်းပေးခဲ့ပြီး ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက် ကာကွယ်နိုင်သည့် ပြည်သူအားကိုးရသော တပ်ဖွဲ့ကြီးအဖြစ် နောင်နှစ်ပေါင်းများစွာအဓွန့်ရှည်ကြာအောင် ကြိုးစား တည်ဆောက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအဆင့်သင်တန်းများတွင် ကရင်ပြည်နယ်မှ ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ်မှပေးပို့သော Video Clip ကို အခမ်းအနားသို့တက်ရောက်လာသူများနှင့်အတူတကွကြည့်ရှုခဲ့ကြကာ ခင်းကျင်းပြသထားသော ကရင်ပြည်နယ်အတွင်း ရေပြင်၊ မြေပြင် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် ၎င်းတို့ကိုအသုံး ပြုဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများ၊ ပြည်နယ်အတွင်း မီးလောင်မှုနှင့်ဆီမီးလောင်မှုမှတ်တမ်းဓာတ်ပုံများ၊ ပြည်နယ် အတွင်း မြေပြင်၊ရေပြင်အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ပြင်ဆင်စုဖွဲ့ထားရှိမှုနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို မေလ ၅ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားရုံ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုကျင်းပသည့်ပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြတ်သည့် အားကစား သမားများကို တောင်ကြီးမြို့တွင်ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောပြိုင်ပွဲအတွက် ကရင်ပြည်နယ် လက်ရွေးစင်အနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရန် စနစ်တကျ ရွေးချယ်စခန်းသွင်းလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစား သမားများအနေဖြင့် သတ်မှတ်ထားသည့်စည်းမျဉ်း/စည်းကမ်းဥပဒေဘောင်အတွင်းမှ မိမိတို့မြို့နယ်အသင်း အနိုင်ရအောင် ကြိုးစားယှဉ်ပြိုင်၍ ဘော်လီဘောအားကစားနည်းဖြင့် ပြည်နယ်ဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့်အားကစားသမားကောင်း များဖြစ်အောင် ဆက်လက်ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်(၇)မြို့နယ်မှ အမျိုးသား/အမျိုးသမီး(၇)သင်းစီ အားကစားသမားပေါင်း ၁၄၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် ငွေကျပ် ၂၇၀၀၀၀ဝိ/-(နှစ်ဆယ့်ခုနှစ်သိန်း ကျပ်)စီကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြကာ အမျိုးသားဘော်လီဘောပြိုင်ပွဲအဖွင့်ပွဲစဉ်အနေဖြင့် ကြာအင်းဆိပ်ကြီးအသင်း နှင့်ဖာပွန်အသင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲအဖွင့်ပွဲစဉ်အနေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းနှင့်ကော့ကရိတ် မြို့နယ်အသင်းတို့၏ယှဉ်ပြိုင်ကစားမှုများကိုကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။




Newspaper - 3516 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
