ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ တန်ဆောင်မုန်းလပြည့်(သာမညဖလ)အခါတော်နေ့ မသိုးသင်္ကန်းဆက်ကပ် လှူဒါန်း၊(၂၂)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်လျာဉတ်သင်္ကန်းဆက်ကပ်လှူဒါန်း
ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ တန်ဆောင်မုန်းလပြည့်(သာမညဖလ)အခါတော်နေ့ မသိုးသင်္ကန်းဆက်ကပ် လှူဒါန်း၊(၂၂)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်လျာဉတ်သင်္ကန်းဆက်ကပ်လှူဒါန်း
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / November 04, 2025
ဘားအံ - နိုဝင်ဘာ (၄)
ကရင်ပြည်နယ်၊ ဘားအံမြို့၏ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို တန်ဆောင်မုန်းလပြည့်(သာမညဖလ)အခါတော်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီခန့်က အဆိုပါဘုရားကြီး ဂန္ဓကုဋီတိုက် ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပသည်။
မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များကတို့က သေဋ္ဌမာရ်အောင်ဘုရားကြီး အားပန်း၊ရေချမ်း၊သစ်သီးဆွမ်း၊ဆီမီးတို့ကိုကပ်လှူပူဇော်ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ၍ ဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်အပေါင်းတို့က သေဋ္ဌမာရ်အောင်ဘုရားကြီး ဩဝါဒါစရိယဆရာတော် ပြည်နယ်သံဃနာယကအဖွဲ့(မူလဒွါရ)အမိတာရာမရဲကျောင်းဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဂုဏလင်္ကာရ က မသိုးသင်္ကန်းဆက်ကပ်လှူရခြင်း၏ အကျိုးကျေးဇူးဩဝါဒကထာကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆရာတော်ကြီးများအားလှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး ပြည်နယ်သံဃနာယကအဖွဲ့(မူလဒွါရ)အမိတာရာမရဲကျောင်းဆရာတော် အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဂုဏလင်္ကာရက ဗုဒ္ဓဿဒေမ စသောဂါထာကို ရွတ်ဆိုတိုင်ကြားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့နှင့် ဥပသကာတာဝန်ရှိသူများက သေဋ္ဌမာရ်အောင်ဘုရားကြီးအား မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းကြရာ ဩဝါဒါစရိယဆရာတော်ကြီးများက ဇယေန္တော ဗောဓိယာမူလေ အစချီသော အောင်ဂါထာများကို ရွတ်ဖတ်ပူဇော်ပေးကြသည်။
ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး သေဋ္ဌမာရ်အောင်ဘုရားကြီး ပိဋကတ်တိုက်အတွင်း၌ ဆရာတော်ကြီးများအား အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြ သည်။
အဆိုပါ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်သက်မွေး ပညာသင်တန်းကျောင်းမှ သင်တန်းသူလေးများက နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းမှစ၍ ရက်ကန်းစင်နှစ်စင်ဖြင့် မသိုး သင်္ကန်းကိုရက်လုပ်ပူဇော်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၂၂) ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်းမဟာ ဘုံကထိန် လျာဉတ်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင် ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများတက်ရောက်၍ ကထိန်လျာဉတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
စုပေါင်းမဟာဘုံကထိန်လျာဉတ်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများကြွရောက်ချီးမြှင့်တော်မူကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသောဧည့်ပရိတ်အပေါင်းတို့က နိုင်ငံတော်ဩဝါဒ စရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ၍ သံဃာတော် အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္စျယ်တော်မူသော မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညို ကြသည်။
ထို့နောက် မြို့နယ်သံဃနာယက(သုဓမ္မာ)ဥက္ကဋ္ဌ ခွယ်ကဘောင်ပညာ့ဥယျာဉ်ကျောင်းဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တနာဂဝံသ က ကထိန်မည်ပုံ၊ ကထိန်ခင်းခြင်းနှင့်စပ်လျဉ်းသည့်အမေး(ကထိနပုစ္ဆာ)ကိုမေးမြန်း၍ မြို့နယ် သံဃနာယက(သုဓမ္မာ)အကျိုးတော်ဆောင် ဘဒ္ဒန္တခန္တီသာရ က ကထိန်ခင်းခြင်းအဖြေ (ကထိနဝိသဇ္ဇနာ) ဖြေကြားခြင်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က နာယူကြည်ညိုကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီးတို့က ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ပုရိမဝါဆိုဝါကပ်၍ပုရိမဝါမှထတော်မူကြသည့် သံဃာတော် များကိုယ်စား နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံ ကထိန်လျာဉတ်သင်္ကန်းနှင့် အခြံအရံလှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့သည့် နိုင်ငံတော်ဩဝါဒါစရိယ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒ ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းကာ ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုး၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲမင်္ဂလာ အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ နှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ ပစ္စည်းနှင့်ငွေသားတန်ဖိုး စုစုပေါင်း ၈၅၀၇၃၈၀ဝိ/-(ရှစ်ရာငါးဆယ်သိန်းခုနှစ်သောင်းသုံးထောင်ရှစ်ရာကျပ်)ကို ဆက်ကပ်လှူဒါန်းခဲ့သည်။



Newspaper - 3338 items
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
				
            
                            
                                