ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဟုမ္မလင်းတပ်နယ် နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဟုမ္မလင်းတပ်နယ် နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ
Ministry of Information/ Naypyitaw / January 15, 2026
နေပြည်တော် ဇန်နဝါရီ ၁၄
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ယနေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ တပ်နယ်ခန်းမ၌ ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တပ်တွင်းစည်းလုံး ညီညွတ်ရေးသည် အရေးကြီးပြီး ပိုမိုကျစ်လစ်ခိုင်မာအောင်လုပ်ဆောင်ရန်၊ မိသားစုဝင်များ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေထိုင်ကြရန်၊ ရှိပြီးသားစည်းလုံးညီညွတ်မှုကိုအခြေခံပြီး ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာလက်တွဲတာဝန်ထမ်းဆောင်ကြရန်၊ တပ်တွင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များ ညီအစ်ကိုစိတ်ဓာတ်ရှိရန်၊ ရဲမေများ ညီအစ်မ စိတ်ဓာတ်ထားရှိရန်၊ တပ်ရင်းတစ်ခုလုံး မောင်နှမ စိတ်ဓာတ်ရှိကြရန်၊ တစ်ဦးချင်းစွမ်းရည်မြှင့်တင်ရေး၊ တပ်ဖွဲ့လိုက် စွမ်းရည်မြှင့်တင်ရေးတို့အတွက် အမြဲလေ့ကျင့်နေရန်၊ တပ်တိုင်း၊ ရဲဘော်တိုင်းရှိရမည့် အရည်အချင်း ၅ ပါးကို သိရှိနားလည်ပြီး ကျင့်ကြံလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3411 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
