ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် မစ္စတာကင်ချုံအီအား ခန့်အပ်ရန်သဘောတူ


Ministry of Information/ Naypyitaw / June 19, 2025
image_latest


နေပြည်တော် ဇွန် ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာကင်ချုံအီအား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည်။

မစ္စတာကင်ချုံအီသည်၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် တွင် မွေးဖွားခဲ့သည်။ ၎င်းအနေဖြင့် ၁၉၈၄ ခုနှစ်တွင် ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတကာဆက်ဆံရေး တက္ကသိုလ်မှလည်းကောင်း၊ ၁၉၈၇ ခုနှစ်တွင် ပါကစ္စတန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ ခေတ်သစ်ဘာသာစကားဆိုင်ရာ အမျိုးသားတက္ကသိုလ်မှလည်းကောင်း ဘွဲ့ရရှိခဲ့သည်။ မစ္စတာကင်ချုံအီသည် ၁၉၈၇ ခုနှစ်တွင် ကိုရီးယားဒီမိုကရက် တစ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာနတွင် အရာရှိအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ဌာနချုပ်နှင့် ပြည်ပတွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသံရုံးတွင် တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်၊ အနောက်တောင် နှင့် သမုဒ္ဒရာနိုင်ငံများဌာနတွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆက်လက်၍ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ပါကစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးတွင် ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ယခင်ဌာနတွင်ပင် ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ မစ္စတာ ကင်ချုံအီအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ရုံးတွင် ဒေသဆိုင်ရာ တာဝန်ခံအရာရှိအဖြစ် တာဝန်ထမ်းခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပါကစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသံရုံးတွင် သံမှူးအဖြစ်လည်းကောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မူဝါဒရေးရာဌာနတွင် အကြီး တန်းအရာရှိအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန - ၂ တွင် အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှ ယနေ့အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန - ၂ တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

၎င်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သားသမီးနှစ်ဦးရှိသည်။

သတင်းစဉ်

Newspaper - 3198 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download