ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့အတွက် စက်အရန်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများဝယ်ယူရန် အစီအမံများ ရေးဆွဲဆောင်ရွက်သွားရမည်


Ministry of Information/ Naypyitaw / April 13, 2026
image_latest


နေပြည်တော် ဧပြီ ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အစည်းအဝေးနှင့် မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားတွင် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများအားတွေ့ဆုံ၍ လမ်းညွှန်မှာကြားခဲ့မှုနှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးသွင်အောင်၊ ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဦးစီးဌာနမှူးများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများသည် Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက် များတွင်ပါရှိသည့်အချက်အလက်များအား သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက်စုစည်း၍ ဆောင်ရွက်မည့်အခြေအနေနှင့် တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေတို့အား စီမံချက်များ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုနှင့်အညီ မိမိတို့ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အရာထမ်းများ၊ အမှုထမ်းများအနေဖြင့် ယခင်ကနည်းတူ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ စက်မှုဝန်ကြီးဌာနအား စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ရေးအတွက် ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံအား စနစ်တကျပြင်ဆင်ရေးဆွဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းပေးခဲ့သဖြင့် MSME များ၏ အခန်းကဏ္ဍသည် ကျယ်ပြန့်လာပြီး လုပ်ငန်းတာဝန်များကို ယခင်ကထက် ပိုမိုထိရောက်အောင်မြင်အောင် လုပ်ဆောင်ရန် အခြေပြုခြင်းဖြစ်၍ အားသွန်ခွန်စိုက်ဖြင့် အလေးအနက်ထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် ယခင်ကဝန်ကြီးဌာနမှ ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်သည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန်နှင့် စက်မှုလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်နှင့် ဘွိုင်လာအသုံးပြုသည့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးနှင့် စွမ်းအားပြည့် လည်ပတ်အသုံးပြုနိုင်ရေးတို့အတွက် ကြီးကြပ်စစ်ဆေးခြင်းလုပ်ငန်းများကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ကြိုတင်အစီအမံများရေးဆွဲဆောင်ရွက်

ပြည်သူများအတွက် လိုအပ်သော အခြေခံဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ ဘိလပ်မြေများ၊ အသုံးအဆောင်ပစ္စည်းများကို အရည်အသွေးပြည့်မီအောင် ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ဝင်ပစ္စည်းများဖြစ်စေရေး စီမံ‌ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူ၊ စက်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ နည်းစဉ်၊ အရည်အသွေး စသည်တို့ ပြည့်စုံရမည်ဖြစ်သဖြင့် ကြိုတင်အစီအမံများ ရေးဆွဲဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့အတွက် စက်အရန်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများဝယ်ယူရန် ယခုဘဏ္ဍာရေးနှစ် အစမှပင်ဝယ်ယူမည့်အစီအမံများ ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုများကို စနစ်တကျဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနရှိ ဆောင်ရွက်ဆဲစီမံကိန်းနှစ်ခုအား သတ်မှတ်အချိန်ဇယားများအတိုင်း ပြီးစီးရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများပြီးစီးမှသာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်မည်ဖြစ်၍ လုပ်ငန်းတာဝန်များကို စနစ်တကျဖြင့် အလေးအနက်ထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3499 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download