ကျောက်ဆည်ခရိုင်၌ နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် မိုးကြိုနှမ်း(နွေနှမ်း)သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ရေး ကြိုးပမ်းဆောင်ရွက်


Ministry of Information/ Naypyitaw / February 16, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၅

စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် အပတ်စဉ်စနေနေ့တိုင်းကျင်းပသည့် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက (၆၃)ကြိမ်မြောက်ကျင်းပရာ ကျောက်ဆည်ခရိုင်၏ နှမ်းသီးနှံ စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေနှင့် မိုးကြိုနှမ်း(နွေနှမ်း) သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ရေး ကြိုးပမ်းဆောင်ရွက်မှုများခေါင်းစဉ်ဖြင့် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အွန်လိုင်းစနစ်ဖြင့် ဆွေးနွေးအမှာစကား ပြောကြားရာတွင် အိန္ဒိယနိုင်ငံရှိ သီးနှံစိုက်ပျိုးနည်းစနစ် အသုံးပြုမှုတွင် ပဲမျိုးစုံ၊ ဆီထွက်စသည်ဖြင့် သီးနှံများအားလုံး၌ ပေါင်ကြီးတင်စနစ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိကာများစွာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ သီးထပ်စိုက်ပျိုးရာတွင် စပါးအပြီး မတ်ပဲ၊ ပဲတီစိမ်းသီးနှံအတွဲများနေရာ၌ အခြားတန်ဖိုးမြင့်မားပြီး အလားအလာကောင်းသော သီးနှံတွဲများ အစားထိုးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တောင်သူများ သီးနှံရိတ်သိမ်းချိန် အလေအလွင့်နည်းပါးစေရေးနှင့် သီးနှံရောင်းချချိန်တွင် စုပေါင်းရောင်းချနိုင်ရေး အထူးအလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးချစ်ဆွေဦးက ကျောက်ဆည် ခရိုင်၏ နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် မိုးကြိုနှမ်း(နွေနှမ်း)သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ရေး ကြိုးပမ်းဆောင်ရွက်မှု များခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြသည်။

ဆွေးနွေးချက်များအပေါ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဇုန်တာဝန်ခံများက ဆီထွက်သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နှမ်းသီးနှံအား ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားရှိမှု၊ စိုက်ပျိုးနည်းစနစ်အသုံးပြုမှု၊ သွင်းအားစုထည့်သွင်းခြင်း၊ အထွက်နှုန်းရရှိမှု၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ဆီထွက်သီးနှံသုတေသနဌာနစုက ထုတ်ဝေထားသော အထွက်နှုန်းကောင်းပြီး ဒေသအလိုက် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိသည့် နှမ်းသီးနှံမျိုးများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးကြသည်။

အဆိုပါ နည်းပညာဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီနယ်မြေတွင်းမှ စိုက်ပျိုးရေးပညာရှင် ၅၀ နှင့် တောင်သူ ၇၀ တို့ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပြည်နယ်များမှ စိုက်ပျိုးရေးပညာရှင် ၂၀၀ နှင့် တောင်သူ ၉၁ ဦးတို့က Zoom point ၁၀၀ မှ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3420 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download