ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းသို့ရောက်ရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများ၊ မိဘပြည်သူများ၊ ပညာရေးဝန်ထမ်းများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / May 22, 2025


ဘားအံ မေ ၂၂

၂၀၂၅ -၂၀၂၆ ခုနှစ် ပညာသင်နှစ် ကရင်ပြည်နယ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူနိုင်ဖို့ ကျောင်းအပ်နှံကြပါစို့ ”ဆောင်ပုဒ်ဖြင့် မေလ ၂၂ ရက်နေ့ နံနက်ပိုင်း က ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကရင်ပြည်နယ်ကျောင်းအပ်နှံရေးသီတင်းပတ် အခမ်းအနားမုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခ ရာ၊ပန်းပွားအဖွဲ့များ၊ ဖဲကြိုးကိုင်၊ဗန်းကိုင်အဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။

ထို့နောက် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ရွှေရတုခန်းမဆောင်၌ ဆက်လက်ကျင်းပရာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို သီဆို ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိစေရေး၊ ကျောင်းထွက်သူမရှိစေရေး၊ ကလေးတိုင်းပညာသင်ယူခွင့်ရရှိစေရေးတို့ကို အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိ သူများ၊ ဒေသခံများ၊ မိဘပြည်သူများ၊ ပညာရေးဝန်ထမ်းများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက ကျောင်းအပ်နှံရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ကျောင်းသူများက ကျောင်းအပ်နှံရေး သတင်းပတ် သီချင်းဖြင့်ကပြဖျော်ဖြေကြကာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့နှင့်စေတနာရှင်အလှူရှင်များက ကျောင်းအပ်နှံရေးသီတင်းပတ်အတွက် အလှူငွေများပေးအပ်လှူ ဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်ကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က အလှူရှင်များလှူဒါန်းသည့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်များကို ပေးအပ်ချီးမြှင့်ကြပြီး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ပရဟိတရဲ့ မေတ္တာစိမ့်စမ်း သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြကာ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသားမိဘများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ ခင်းကျင်းပြသထားသော ကျောင်းဖွင့်ရာသီအမီ ကြိုတင်ပြင်ဆင်လှုပ်ရှားမှုနှင့် ပညာရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုအားပေး ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ သိပ္ပံဆောင်နှင့်ဣန္ဒနီလာဆောင်တို့တွင် ဆရာ၊ဆရာမများက အတန်းစဉ်အလိုက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းအပ်လက်ခံနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသားမိဘ အုပ်ထိန်းသူများနှင့် ကျောင်းသား၊ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ်ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမည်ဖြစ်ရာ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းသို့ရောက်ရှိရေး၊ ကျောင်း ထွက်သူမရှိစေရေး၊ ကျောင်းနေမြဲရေး၊ တန်းစဉ်ကူးပြောင်းမှုနှုန်းမြင့်မားရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူ များအား မှာကြားခဲ့ပါသည်။

Newspaper - 3170 items

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၁၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download