ကျေးဇူးဂုဏ်တင် ဖြစ်တော်စဉ် ကဆုန်လပြည့် မြတ်ဗုဒ္ဓနေ့
ကျေးဇူးဂုဏ်တင် ဖြစ်တော်စဉ် ကဆုန်လပြည့် မြတ်ဗုဒ္ဓနေ့
Ministry of Information/ Naypyitaw / April 30, 2026
ရှေးခေတ်မဟာအတုလမင်းကြီးလက်ထက်က ကဆုန်လပူပြင်းသကဲ့သို့ ယနေ့ကာလတွင်လည်း ကဆုန်လသည် အပူဆုံးလစံချိန်ကို ထိန်းထားပါသည်။ “တန်ခူးကဆုန်ဆွေ့ဆွေ့ခုန်” “တန်ခူးရေကုန်၊ ကဆုန်ရေခန်း” ဆိုသကဲ့သို့ နွေလယ်ဤကာလ၌ ပူပြင်းခြောက်သွေ့ ငြီးငွေ့ဖွယ်ဖြစ်သည်။ ကန်၊ ချောင်း၊ ဆည်မြောင်း၊ အင်းအိုင်တို့၌ ရေပြတ်၊ ရေစင်သောလဟုဆိုကြသည်။ မည်သို့ပင်ပူစေ မြတ်ဗုဒ္ဓဂုဏ်တော်ကိုနှလုံးသွင်း၍ ပရိဘောဂစေတီ ဗောဓိပင်ကို ညောင်ရေသွန်းလောင်းပြီး နှလုံးစိတ်ဝမ်းအေးချမ်းမှုကို ဆောင်ကြဉ်းကြရန်လိုပါသည်။
“ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်”ဟူသော စာဆိုနှင့်အညီ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့ မြတ်ကြီးဖြစ်သော ကဆုန်လပြည့်ဗုဒ္ဓနေ့၌ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ ဖြစ်တော်စဉ်တို့ကို နှလုံးသွင်းဆင်ခြင်ပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်ကြရပေမည်။ (၁) ဤကဆုန်လပြည့်နေ့၌ ထွတ်ခေါင်ထိပ်တင် ဘုရားလောင်း သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာဘုရားရှေ့အရောက် ဝမ်းလျားမှောက်၍ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ခံယူတော်မူသည်။ (၂) ဤကဆုန်လပြည့်နေ့၌ အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့် (သောကြာနေ့)ဝယ် ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ ဖွားမြင်တော်မူသည်။
(၃) ဤကဆုန်လပြည့်နေ့၌ သစ္စာလေးပါး မြတ်တရားကို ရရှိတော်မူရာဖြစ်သည့် မဟာဗောဓိပင် ပေါ်ပေါက်တော်မူသည်။ အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)တွင် သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ (၄) ဤကဆုန် လပြည့်နေ့၌ မြတ်စွာဘုရားရှင်သည် ဝါတော်လေးဆယ့်ငါးဝါ၊ သက်တော်ရှစ်ဆယ်၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်(အင်္ဂါနေ့)တွင် ကုသိနာရုံပြည်၊ မလ္လာမင်းတို့၏ ဥယျာဉ်တော်၌ ပရိနိဗ္ဗာန် စံဝင်တော်မူသည်။ ဤသို့ ဗျာဒိတ်ခံယူခြင်း၊ ဖွားမြင်တော်မူခြင်း၊ သစ္စာလေးပါး သိမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း ဟူသည့် နေ့ထူးနေ့မြတ်တို့သည် ကဆုန်လပြည့်နေ့တွင်ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရက်ကောင်းရက်မြတ်တို့သည် မြတ်ဗုဒ္ဓနှင့်သာ သက်ဆိုင်သည့်အတွက် အားလုံးကိုပေါင်းစု၍ အထွတ်အမြတ်ပြုကာ “ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့” ဟု သတ်မှတ်ခေါ်ဝေါ်ပူဇော်ကြသည်။ သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓပူဇယန္တိသဘင်ဟုခေါ်ဆို၍ ပူဇော်ပွဲများကျင်းပကြသည်။ အိန္ဒိယနိုင်ငံ ပြည်နယ်အချို့တွင် ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်တော်မူသည်ကိုရည်စူး၍ မဟာပရိနိဗ္ဗာန်သဘင် ကျင်းပပူဇော်ကြသည်။ ကဆုန်လပြည့်နေ့သည် ဝိသာခါနက္ခတ်နှင့်ယှဉ်သည့်အတွက် နက္ခတ်အားသန်သူတို့က ဗုဒ္ဓဖွားမြင်တော်မူသည့်နေ့ကို ဝိသာခါဒေးဟု သတ်မှတ်ပူဇော်ကြသည်။ မလေးရှားနိုင်ငံကလည်း “၂၆၀၀ ပြည့် ဗုဒ္ဓနေ့”ကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့သည်။ မလေးရှားအစိုးရက နှစ်စဉ်ကဆုန်လပြည့်နေ့ကို ဂဇက်ဝင်ဗုဒ္ဓနေ့ အဖြစ်သတ်မှတ်ပူဇော်စေသည်။
မည်သို့ပင်ပြုလုပ်ကြသည်ဖြစ်စေ ကဆုန်လပြည့်နေ့နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင်သာမက အခြားထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်သည့်နိုင်ငံများ၊ မြတ်ဗုဒ္ဓကို ကြည်ညိုလေးစားတန်ဖိုးထားသည့် အဖွဲ့အစည်းများအားလုံးက ပူဇော်ပွဲများကျင်းပ ကြသည်။ ယနေ့ကာလတွင် ထေရဝါဒဗုဒ္ဓဘာသာနှင့် မြတ်ဗုဒ္ဓသည် ကမ္ဘာ့အလင်း ဆောင်ပုဂ္ဂိုလ်မြတ်နှင့်ဘဝလမ်းပြမြတ်ဓမ္မအဖြစ် အသိဉာဏ်မြင့်သူတို့သိရှိကြပြီး အထူးပူဇော်ဂုဏ်ပြုကြသည်။ ဤနေ့ဤရက်တွင် အထူးအားဖြင့် ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ၊ ဓာတုစေတီဟူသည့် စေတီသုံးမျိုးတွင် ဗောဓိပင်သည် ပရိဘောဂစေတီမည်သည်။ ဘုရားရှင်တို့ အသုံးပြုတော်မူသော ဗောဓိပင်မြတ်သည် “ငါဘုရား သက်တော်ထင်ရှားရှိစဉ်ပင် စေတီတော်မည်၏”မိန့်တော်မူထားသည်။ ထို့ကြောင့် ဗောဓိပင်သည် သက်တော်ထင်ရှား မြတ်စွာဘုရားရှင်အလား ဤနေ့ဤရက်၌ ရေစင်သွန်းလောင်း ပူဇော်ကြမည်ဖြစ်သည်။
သို့ဖြစ်ရာ ကဆုန်လပြည့် ဗုဒ္ဓနေ့သည် မြတ်ဗုဒ္ဓ၏ ထူးခြားသောဖြစ်တော်စဉ်များ ပေါင်းစုထားသည်ကို စိတ်ဝယ်ကြည်နူးအာရုံပြု၍ ကောင်းမှုအထူးပြုလုပ်ကြရမည် ဖြစ်သလို မြတ်ဗုဒ္ဓ၏ စေတီထိုက်သည့် ပရိဘောဂစေတီ မဟာဗောဓိရွှေညောင်ပင်တွင် ရေစင်သွန်းလောင်းပူဇော်ပြီး “ကျက်သရေတော်များသခင် ဗုဒ္ဓဘုရားရှင်၏ အောင်ပွဲသဘင်တည်း။ မာရ်နတ်ကို အောင်ပွဲခံသည့် ကဆုန်လပြည့်နေ့တွင် နတ်ဗြဟ္မာအပေါင်းတို့ ဗောဓိမဏ္ဍိုင်ကုန်းတော်တွင် စုရုံးကြ၍ ဘုရားရှင်၏ အောင်ပွဲတော်ကြီးဟု ဝမ်းမြောက်ဝမ်းသာ ချီးကျူးကြွေးကြော်ကြပါစို့” ဟု ကလျာဏပုထုဇဉ်အပေါင်းတို့အား အသိပေးနှိုးဆော်အပ်ပါကြောင်း။ ။
Newspaper - 3511 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
