ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
Ministry of Information/ Naypyitaw / June 10, 2025

နေပြည်တော် ဇွန် ၁၀
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံးဝန်းအတွင်း Modular Container House များ ဆောက်လုပ်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေး၍ အသစ်ထပ်မံတည်ဆောက်မည့် မြေနေရာများအား ရွေးချယ်သတ်မှတ်ပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ကျောက်ဆည်မြို့၊ ဘောဂဝတီရပ်ကွက်၊ မင်းရဲဆည်အတွင်း၌ ခရိုင်မီးသတ်ဦးစီးဌာနက ကျင်းပပြုလုပ်သည့် ရေပြင်အသက်ကယ်သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားသို့ တက်ရောက်၍ အသက်ကယ်လှေများဖြင့် သရုပ်ပြခြင်းနှင့် လက်တွေ့ရေပြင်ကယ်ဆယ်ခြင်း သရုပ်ပြလေ့ကျင့်မှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားပြီး ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်သည်။
ဆက်လက်ပြီး စဉ့်ကိုင်မြို့နယ်၊ တောင်ရင်းကျေးရွာရှိ TOP Myanmar ပီနံအိတ် စက်ရုံနှင့် KIYO-MYANMAR Healthy Friut & Veggie Chips စက်ရုံတို့ဤ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု၊ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းများ ပြန်လည်လည်ပတ်နေမှုများ၊ ဘဲလင်းကျေးရွာရှိ မြင့်မိုရ်တောင်ဘုရားနှင့် နှစ်ဆူတောင်ဘုန်းတော်ကြီးကျောင်းတို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ၊ စဥ့်ကိုင်မြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် နေအိမ်အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများကို စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများနှင့် ဥယျာဉ်ငယ်ကျေးရွာ၊ ဥယျာဉ်လေးပရဟိတ ဘုန်းကြီးကျောင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ပြုပြင်ရေးဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဉယျာဉ်လေးပရဟိတဘုန်းတော်ကြီးကျောင်း ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3191 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
