ငလျင်ဒဏ်သင့်အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ မြေပြင်လက်တွေ့အသုံးချနိုင်ရေး နည်းပညာဆိုင်ရာဆွေးနွေးပွဲ ကျင်းပ
ငလျင်ဒဏ်သင့်အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ မြေပြင်လက်တွေ့အသုံးချနိုင်ရေး နည်းပညာဆိုင်ရာဆွေးနွေးပွဲ ကျင်းပ
Ministry of Information/ Naypyitaw / June 13, 2025

နေပြည်တော် ဇွန် ၁၂
ငလျင်ဒဏ်သင့်အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ မြေပြင်လက်တွေ့အသုံးချနိုင်ရေး နည်းပညာဆိုင်ရာ (Knowledge Sharing) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁) စုဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
ဆွေးနွေးပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက် တာများအသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် မြန်မာမြို့ပြအခြေခံအဆောက်အဦဖွံ့ဖြိုးရေးအသင်းတို့မှ တာဝန်ရှိသူများနှင့် မြေပြင်တွင် အဆောက်အအုံပြုပြင်ခြင်းဆောင်ရွက်နေသည့် တည်ဆောက်ရေးကုမ္ပဏီများမှ တာဝန်ခံအင်ဂျင်နီယာများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးအတွက် “ငလျင်ဒဏ်သင့်အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ”၏ လမ်းညွှန်ချက်အရ အဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသော ဌာနအသီးသီးနှင့် အသင်းအဖွဲ့များ၊ ကုမ္ပဏီများမှ ပညာရှင်များက မြေပြင်တွင် လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသော ကြီးကြပ်သူတာဝန်ခံအင်ဂျင် နီယာများနှင့် ကန်ထရိုက်တာများကို ပြုပြင်ရေးနည်းစနစ်များကို နားလည်သိရှိစေရန်နှင့် လုပ်ငန်းခွင်များတွင် စနစ်တကျပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်ချက်ဖြင့် ယနေ့နည်းပညာဆွေးနွေး ပွဲကို Knowledge Sharing အနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း။
ငလျင်ဒဏ်ကြောင့် အဆောက်အအုံများပျက်စီးမှု အနည်းအများအလိုက် အပြာရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်နှင့် အနီရောင်အဆင့်အဖြစ် ခွဲခြားသတ်မှတ်ခဲ့ပြီး သာမန်ပျက်စီးမှုဖြစ်သည့် အပြာရောင်အဆင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံများကို ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ လိမ္မော်ရောင်အဆင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများကို PE (Structure / Construction) ၏ ကြီးကြပ်မှုဖြင့် ပြင်ဆင်ရမည့်နည်းလမ်းအတိုင်း လိုက်နာ၍ Quality Control ထားရှိပြီး အရည်အသွေး စစ်ဆေးမှုများဆောင်ရွက်ရန်လိုကြောင်း၊ ပျက်စီးမှုကြီးမားသည့် အနီရောင်အဆင့် သတ်မှတ်ထားသော အဆောက်အအုံများအား ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက် နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဦးကျော်သူအောင် Director (Business Development) က “Product development for Earthquake Repair Works” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးနေလင်းထက် General Manager of Construction Chemicals Department က “Repair & Retrofitting works for damages due to earthquake” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ဖူးပွင့်ဖြိုး Senior Sales Solutions Engineer ၊ Project Solutions and Engineering Sales Department က “Mapei FRP System for Structure Strengthening Works” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြသည်။
ထို့နောက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးအေးလင်းက “လုပ်ငန်းခွင်အတွင်း SOP နှင့်အညီ ပြင်ဆင်ခြင်းအတွေ့အကြုံများမျှဝေခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ခံ အင်ဂျင်နီယာ ဦးချမ်းငြိမ်းကိုက “အဝါရောင်အဆင့် အဆောက်အဦနှင့်ပတ်သက်သော လေ့လာတွေ့ရှိ ချက်များအကြောင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးကျော်မင်းအေးက “အပြာရောင်နှင့် လိမ္မော်ရောင်အဆင့် ပျက်စီးမှုများအတွက် ဆောင်ရွက်သင့်သည့် ပြုပြင်နည်းစနစ်များ”ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးကြသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆောက်လုပ်ရေးလုပ်ငန်းအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ငလျင်ဒဏ်သင့်အဆောက်အအုံများကို ပြန်လည်ပြုပြင် တည်ဆောက်ခြင်းဆောင်ရွက်နေသော ကုမ္ပဏီများမှ အင်ဂျင်နီယာများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းခြင်း၊ ဖြေကြားခြင်းများပြုလုပ်ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3193 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download