ငြိမ်းချမ်းခြင်းတရား လက်ကိုင်ထား ငြိမ်းချမ်းသည့်လမ်း အတူလျှောက်လှမ်း


Ministry of Information/ Naypyitaw / December 25, 2025
image_latest


ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) သည် ခရစ်ယာန်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ခရစ္စမတ်နေ့ဖြစ်သည်။ ယေရှုခရစ်တော်ဖွားမြင်သည့်နေ့ကို အထိမ်းအမှတ်ပြု၍ ခရစ္စမတ်ပွဲတော် ကျင်းပသည့်အခါကာလသည် ဆောင်းရာသီကျရောက်၍ အေးမြသည့်အချိန်ကာလဖြစ်သည်။ ထိုနည်းတူစွာ လူတို့ရပ်ရွာမြေကမ္ဘာသို့ လူသားတစ်ဦးအဖြစ် ခံယူရောက်ရှိလာသော ခရစ်တော်ကို အကြောင်းပြု၍ နှလုံးစိတ်ဝမ်း အေးချမ်းကြရသော အခါသမယလည်း ဖြစ်သည်။

စာပေမှတ်တမ်းများအရ ခရစ်တော်၏ မွေးနေ့ကို သမ္မာကျမ်းစာ ပါအချက်အလက်များနှင့် သမိုင်းသုတေသနအချက်အလက်များဖြင့် နှစ်စဉ်ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ခရစ္စမတ်နေ့အဖြစ် သတ်မှတ်၍ ပွဲတော်ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း ၁၇၀၀ ခန့်ပင်ရှိလာပြီဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတို့တွင် ခရစ္စမတ်နေ့ကို ကြီးကျယ်ခမ်းနားလှပစွာ ဆင်ယင်ကျင်းပကြပြီး ရက်သတ္တပတ်နှင့်ချီ၍ စားပွဲသောက်ပွဲ၊ ပျော်ပွဲရွှင်ပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ခရစ္စမတ်၏ အနှစ်သာရကိုလည်း ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ဝမ်းမြောက်ခြင်း၊ မျှော်လင့်ချက်တို့ ပြည့်စုံခြင်း စသည်ဖြင့် ဖော်ထုတ်ကြသည်။

မိမိတို့နိုင်ငံသည် ဘာသာရေးလွတ်လပ်ခွင့်ပေးထားသည့် နိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာသာသနာ၊ ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်ခြင်းတို့ကို အများပြည်သူတို့၏ ကိုးကွယ်မှုများအဖြစ် ခွင့်ပြုထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ ပုဒ်မ ၃၄ တွင် “ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သောအခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်သောအခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်” ဟု အတိအလင်းပြဋ္ဌာန်းထားသည်။

သမိုင်းကြောင်းကို ပြန်ကြည့်လျှင် မြန်မာနိုင်ငံအတွင်း ရှေးနှစ်ပေါင်းများစွာကပင် ကိုးကွယ်ရာဘာသာပေါင်းစုံနှင့် ဘာသာဝင်ပြည်သူများသည် အတူတကွယှဉ်တွဲနေထိုင်ခဲ့ကြပြီး ဘာသာတစ်ခု နှင့်တစ်ခုအကြား၊ ဘာသာဝင်ပြည်သူများအကြား အပြန်အလှန်လေးစားမှုဖြင့် နိုင်ငံနှင့်ပြည်သူတို့၏ ကောင်းရာကောင်းကျိုးကို ကျေပွန်စွာဆောင်ရွက်ခဲ့ကြသည်။ မတူကွဲပြားသည့် ဘာသာဝင်များ အချင်းချင်းကြားတွင် ထိပါးစော်ကားခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ထိခိုက်နစ်နာစေလိုခြင်းတို့ အလျှင်းမရှိဘဲ အေးအတူပူအမျှ အတူတကွ နေထိုင်ခဲ့ကြခြင်းလည်းဖြစ်သည်။ သို့ဖြစ်ရာ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီးတွင် မှီတင်းနေထိုင်ကြသည့် နိုင်ငံသူနိုင်ငံသားအားလုံး မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘာသာသာသနာတို့၏ မြင့်မြတ်စင်ကြယ်သည့် အဆုံးအမများနှင့်အညီ ရှေးအစဉ်အလာကောင်းတို့ကို ထိန်းသိမ်း၍ အပြန်အလှန် ညီညွတ်မျှတစွာ၊ ရင်းနှီးချစ်ခင်စွာ နေထိုင်သွားကြရန်နှင့် သွေးထိုးလှုံ့ဆော်မှုများ၊ အငြင်းပွားရန်ဆောင်မှုများကို ရှောင်ရှားကြရန်လိုသည်။

“ဘာသာတရားများအပေါ် အခြေခံပြီး ဖြစ်တည်လာသည့် ငြိမ်းချမ်းခြင်းတရားများကို ကိုယ်စီလက်ကိုင်ထားကာ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာလျှောက်လှမ်းသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်” မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများက ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် မိတ်သဟာယမိတ်ဆုံစားပွဲအခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အလိုလောဘလွန်ကဲမှု၊ မုန်းတီးမှု၊ အသိဉာဏ်နည်းမိုက်မဲမှုတို့ဖြင့် ပူလောင်လှုပ်ခတ်နေသည့် ကမ္ဘာတွင် ဘာသာတရားအဆုံးအမတို့မှ ဖြစ်တည်လာသည့် ငြိမ်းချမ်းခြင်းတရားတို့က ကြည်လင်အေးမြသည့်ရေပမာ အပူဓာတ်တို့ကို ငြိမ်းအေးစေသည့် အရာဖြစ်သည်။ မိမိတို့အားလုံးမှီတင်းနေထိုင်ရာ အမိမြန်မာနိုင်ငံတော်ကြီးတွင်လည်း ငြိမ်းချမ်းခြင်းတရားကို မြဲမြဲမြံမြံလက်ကိုင်ထားကာ နိုင်ငံတစ်ဝန်းငြိမ်းချမ်းသာယာစေရေး ခရစ္စမတ်အခါသမယတွင် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း။ ။

Newspaper - 3390 items

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download