ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေး ကျင်းပ
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / December 13, 2025
နေပြည်တော် ဒီဇင်ဘာ ၁၂
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၅)ကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့မှအဖွဲ့ဝင်များ၊ မဟာဗျူဟာအကောင် အထည်ဖော်မှုကြီးကြပ်ရေးအဖွဲ့မှဥက္ကဋ္ဌများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ငွေကြေးခဝါချမှုတိုက်ဖျက် ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကို FATF မှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှစ၍ တိုးတက်ဆောင်ရွက်မှုများကို စောင့်ကြည့်ရမည့် နိုင်ငံနှင့်ဒေသများစာရင်း(Gray List)တွင် ထည့်သွင်းခဲ့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လတ်တလောအကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအမံ(Action Plan) တွင်ပါသည့် အချက် ၁၅ ချက်အပေါ် အလေးထား၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး တိုးတက်ဆောင်ရွက်မှု အစီရင်ခံစာပေးပို့ခြင်းနှင့် မျက်နှာစုံညီအစည်းအဝေးတက်ရောက်ခြင်းတို့ကို ၄ လတစ်ကြိမ် ဆောင်ရွက်လျက်ရှိပါကြောင်း။
Action Plan ပါအချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးဆောင်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဆောင်ရွက်ရမည့် Action Plan ပါ အချက် ၁၅ ချက်အနက် ယခုလက်ရှိ အချက် ၅ ချက်သာ ကျန်ရှိတော့သဖြင့် ကျန်ရှိသည့်အချက်များကို ပြီးမြောက်စေရေး သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။
မူလပြစ်မှုများ စုံစမ်းစစ်ဆေးသည့် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအနေဖြင့် သံသယရှိသူများနှင့် ဆက်နွှယ်မှုရှိသည့် ၎င်းတို့၏ပိုင်ဆိုင်မှုများကို ဖော်ထုတ်နိုင်ရေး ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့၊ သက်ဆိုင်ရာဌာနများမှ သတင်းအချက်အလက်များ တောင်းခံအသုံးပြုပြီး ငွေကြေးခဝါချမှုဖြစ်နိုင်ခြေများကို ဖော်ထုတ်နိုင်ရေး၊ ပိုင်ဆိုင်မှုများကိုလည်း စုံစမ်းစစ်ဆေးစဉ်အတွင်း ယာယီတားမြစ်ခြင်း၊ သိမ်းဆည်းခြင်း၊ နိုင်ငံ့ဘဏ္ဍာ သိမ်းဆည်းခြင်းတို့ တိုးမြှင့်ဆောင်ရွက်ရေး လိုအပ် သည့်သတင်းအချက်အလက်များကိုလည်း ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများထံ တောင်းခံအသုံးပြုသွားရန် လိုအပ်ကြောင်း။
ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ငွေရေးကြေးရေးမဟုတ်သည့် စီးပွားရေးအဖွဲ့အစည်းများ စသည့် သတင်းပို့အဖွဲ့အစည်းများအနေဖြင့် ဆုံးရှုံးနိုင်ခြေမြင့်မားသည့် ပြစ်မှုများဖြစ်သည့် မူးယစ်ဆေးဝါးမှု၊ အဂတိလိုက်စားမှု၊ အခွန်ဆိုင်ရာမှုခင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမှုခင်းများနှင့် ဆက်နွှယ် သည့် သံသယဖြစ်ဖွယ်သတင်းပို့ချက်များကို ဖော်ထုတ်နိုင်ရန်အတွက် ငွေကြေးနှင့် ပစ္စည်းလွှဲပြောင်းဆောင်ရွက်မှုများအပေါ် စောင့်ကြည့်ပြီး FIU သို့ သတင်းပေးပို့ရေး၊ သတင်းပို့ချက်အရည် အသွေးမြင့်မားရေးကိုလည်း အလေးထားဆောင်ရွက်ရေးနှင့် သက်ဆိုင်ရာကြီးကြပ်ရေးအာဏာပိုင်များက ကြပ်မတ်ဆောင်ရွက်ရေး၊ ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်းနိုင်ငံများတွင် ဖြစ်ပွားမှုနှုန်းတိုးမြှင့်လာသည့် အွန်လိုင်းလိမ်လည် ကျူးလွန်မှုများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုများကိုလည်း ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်သွားရေးတို့ကို တိုက်တွန်းပါကြောင်း။
၂၀၃၀ ပြည့်နှစ်တွင် ဆောင်ရွက်မည့် တတိယအကြိမ် အဖွဲ့ဝင်နိုင်ငံအချင်းချင်း အကဲဖြတ်ခြင်းလုပ်ငန်းစဉ် (Mutual Evaluation-ME) အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ၊ စနစ်တကျအစီအမံများ ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်သည့်အရင်းအမြစ်များ ကြိုတင်စီမံထားကြရန် တိုက်တွန်းပါကြောင်း၊ ငွေကြေးခဝါချမှု များကို စစ်ဆေးသည့် စိစစ်ရေးအဖွဲ့များအနေဖြင့် အမှုစစ်ဆေးရာတွင် တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပြီး အစီရင်ခံစာများတင်ပြရာတွင် ငွေကြေးခဝါချမှုတိုက်ဖျက် ရေးနည်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ အထောက်အထားခိုင်လုံစွာဖြင့် စစ်ဆေးချက်ရလဒ်များအပေါ် တာဝန်ယူမှုတာဝန်ခံမှုရှိစေရေးနှင့် အဂတိတရားကင်းစွာဆောင်ရွက်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ(၂၀၂၄-၂၀၂၈)ကို ၂၀၂၄ ခုနှစ် အောက်တို ဘာ ၂၁ ရက်မှ စတင်၍ မဟာဗျူဟာ နယ်ပယ် ၅ ရပ် ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ပြီး ၂၀၂၅ ခုနှစ် တတိယလေးလပတ်ကာလထိ ၄၇ ဒသမ ၂ ရာခိုင်နှုန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နည်းပညာဆန်းသစ် တီထွင်မှုများသည် လူ့ဘောင်အဖွဲ့အစည်းနှင့် စီးပွား ရေးကဏ္ဍတိုင်းတွင် ထုတ်လုပ်မှုစွမ်းအားကို တစ်ဟုန် ထိုးမြှင့်တင်ပေးနေပြီး အခြားတစ်ဖက်တွင်လည်း ပြစ်မှုကျူးလွန်သူများသည် နည်းပညာတိုးတက်မှုကို တလွဲအသုံးချပြီး ဆိုက်ဘာမှုခင်းများအပါအဝင် လိမ်လည်မှု၊ ငွေကြေးခဝါချမှုပြစ်မှုများကို ကျူးလွန်လာနေကြကြောင်း ပြောကြားသည်။
ထို့နောက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့တို့မှ တက်ရောက်လာသူများ၊ မဟာဗျူဟာ အကောင်အထည်ဖော်မှုကြီးကြပ်ရေးအဖွဲ့မှဥက္ကဋ္ဌများက ကဏ္ဍအလိုက် ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3467 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
