စက်မှုကုန်ကြမ်းသီးနှံ ဝါတိုးချဲ့စိုက်ပျိုးထုတ်လုပ်
စက်မှုကုန်ကြမ်းသီးနှံ ဝါတိုးချဲ့စိုက်ပျိုးထုတ်လုပ်
Ministry of Information/ Naypyitaw / February 14, 2026
ဝါသည် သဘာဝချည်မျှင် အခြေခံ MSME စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံးသော စက်မှုကုန်ကြမ်းသီးနှံဖြစ်သည်။ မြန်မာနိုင်ငံသည် ဝါကို ရှေးကာလများကတည်းကပင် ပြည်တွင်း၌ စိုက်ပျိုးခဲ့ကြပြီး ရက်ကန်းလုပ်ငန်းများတွင် သုံးစွဲခဲ့ကြသလို ဝါကုန်ကြမ်းကို ပြည်ပသို့တင်ပို့ခဲ့သည့် သမိုင်းကြောင်းလည်းရှိခဲ့သည်။ ယခုအခါ ဝါစိုက်ပျိုးထုတ်လုပ်မှုကို အားပေးမြှင့်တင်၍ ပြည်တွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်ရန်အထိ ရည်မှန်းချက်ထား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအတွက် အရေးပါသော စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါကို နှစ်အလိုက် တိုးချဲ့စိုက်ပျိုးရန်ကြိုးပမ်းလျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့ကို စီမံကိန်းဒေသများအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့သည်။ ဝါစိုက်ပျိုးမှုအများ ဆုံးဒေသသည် မကွေးတိုင်းဒေသကြီးဖြစ်ပြီး စိုက်ဧရိယာစုစုပေါင်း၏ ၄၅ ဒသမ ၃၇ ရာခိုင်နှုန်း၊ ဒုတိယအများဆုံးသည် မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး ၃၆ ဒသမ ၂၈ ရာခိုင်နှုန်းဖြစ်သည်ဟုသိရသည်။ ဝါအမျိုးအစားအနေဖြင့် ချည်မျှင်ရှည်ဝါ စိုက်ပျိုးမှုသည် ၉၄ ဒသမ ၃၃ ရာခိုင်နှုန်းရှိပြီး ချည်မျှင်တိုဝါ စိုက်ပျိုးမှုသည် ၅ ဒသမ ၆၇ ရာခိုင်နှုန်းရှိသည်။ တိုးတက်လျက်ရှိသည့် နိုင်ငံ့လူဦးရေနှင့်အညီ ဝတ်ရေးလိုအပ်ချက်အတွက် ဝါကို တိုးချဲ့စိုက်ပျိုးသွားရမည်ဖြစ်သည်နှင့်အညီ ဝါစိုက်ပျိုးရေးစီမံကိန်းကာလ ပြီးဆုံးပြီးနောက် ၂၀၂၇- ၂၀၂၈ ခုနှစ်တွင် ဝါစိုက်ပျိုးရေးဧရိယာ ဧက ၇၄၇၀၀၀ အထိ စိုက်ပျိုးသွားနိုင်ရေးနှင့် ဝါအထွက်နှုန်း တစ်ဧကလျှင် ပိဿာ ၇၀၀ ထွက်ရှိရေးတို့ကို ဝါသီးနှံစိုက်ပျိုးရေးဇုန်အလိုက် တာဝန်ပေးအပ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သတင်းများအရ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနသည် ဝါစိုက်တောင်သူများအတွက် အရည်အသွေးကောင်း၊ အထွက်နှုန်းလည်းကောင်းမွန်ပြီး ပိုးမွှားဒဏ် ခံနိုင်ရည်ရှိသော ဝါမျိုးများကို စဉ်ဆက်မပြတ် သုတေသနပြု ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း၊ ဝါအထွက်တိုး စိုက်ပျိုးနည်းစနစ်များကို သုတေသနပြုလုပ်၍ ရရှိလာသည့် ရလဒ်ကောင်းများကို ဝါစိုက် တောင်သူများထံ နည်းပညာဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ ဝါသီးနှံ ပန်းတိုင်အထွက်နှုန်း တစ်ဧက ပိဿာ ၇၀၀ ထွက်ရှိ ရေးအတွက်လည်းဆောင်ရွက်ရန် လမ်းညွှန်ချက်များနှင့်အညီ စီမံ ချက်များ ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိရာ အရည်အသွေးကောင်း ဝါများ အထွက်နှုန်းကောင်းမွန်စွာရရှိပြီး ဈေးကောင်းရရှိမည်ဆိုပါက တောင်သူတို့ ဝင်ငွေများတိုးတက်ရရှိနိုင်ကြမည်ဖြစ်သည်။ ဝါစိုက်ပျိုးမှုကို သတ်မှတ်ပန်းတိုင်ရည်မှန်းချက်များအတိုင်း စိုက်ပျိုးထုတ်လုပ် နိုင်မည်ဆိုပါက ပြည်တွင်းချည်သုံးစွဲမှုကို ဖူလုံစေမည်ဖြစ်သဖြင့် နိုင်ငံ့ဝင်ငွေရရှိရေးကို ကြီးမားစွာ အထောက်အကူပြုနိုင်မည် ဖြစ်သည်။ သီးနှံများပန်းတိုင်အထွက်နှုန်း သတ်မှတ်ပေးထားသည်များနှင့်အညီ ထွက်ရှိအောင် အားထုတ်ကြိုးပမ်းဆောင်ရွက်နိုင်ကြ သည်နှင့်အမျှ တောင်သူတို့တစ်ဦးချင်း ဝင်ငွေများ တိုးတက်ရရှိကြပြီး လူနေမှုအဆင့်အတန်းလည်း များစွာမြင့်မားလာကြမည်ဖြစ်သည်။
“ပြည်တွင်းမှထွက်ရှိသည့် ဝါဂွမ်းများကို ပြည်တွင်းစျေးကွက်တွင် ရောင်းချနိုင်ရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစွာအရည်အသွေးကောင်းသော (A)အဆင့်ရှိဝါများ ပြောင်းလဲစိုက်ပျိုးနိုင်ရန်လိုကြောင်း၊ ထိုမှတစ်ဆင့်ထွက်ရှိလာသည့် ဝါကုန်ကြမ်းများကို ချည်မျှင်ထုတ်လုပ်နိုင်ရေးနှင့် ပိတ်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေး စက်ကိရိယာများလိုအပ်ကြောင်း” နိုင်ငံတော်အကြီးအကဲက ၂၀၂၄ ခုနှစ် မတ်လအတွင်း ကျင်းပခဲ့ သည့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အလိပ် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ သို့ဖြစ်ရာ ဝါကို စိုက်ဧကနှင့် အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့်အတူ အရည်အသွေးလည်း (A) အဆင့်ရှိ ကောင်းမွန်ရန် လိုအပ်သည်။
စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ဝါစိုက်ပျိုးထုတ်လုပ်မှု မြင့်မား တိုးတက်လာသည်နှင့်အမျှ ဝါစက်မှုလုပ်ငန်းများဖြစ်သည့် ဝါကြိတ်စက်များ၊ ချည်မျှင်နှင့်အထည်စက်များ၊ အထည်ချုပ်လုပ်ငန်းများ စသည်တို့လည်း ဖွံ့ဖြိုးတိုးတက်လာကြမည်ဖြစ်သည်။ ဝါကြိတ်စက်မှထွက်လာသည့် ဝါစေ့သည် ဝါစေ့ဆီနှင့် တိရစ္ဆာန်အစာ ဝါကြိတ်ဖတ်တို့ ဆက်လက်ထုတ်လုပ်နိုင်သည်။ သို့ဖြစ်ရာ ဝါသီးနှံသည် MSME စက်မှုလုပ်ငန်းများနှင့် ဆက်နွှယ်ကာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာစေရေးအတွက်လည်း များစွာအကျိုးပြုလျက်ရှိရာ အရည်အသွေးကောင်း ဝါမျိုးများကို စိုက်ဧကပြည့်မီ ကျော်လွန်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အားသွန်ကြိုးပမ်း ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
Newspaper - 3475 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
