စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများအား ကြည့်ရှုစစ်ဆေး


Ministry of Industry/ Ministerial Office / April 30, 2025


နေပြည်တော်၊ ဧပြီ (၂၆)

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည်  မတ်လ (၂၈) ရက်နေ့တွင် ပြင်းထန်သည့် မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံပိုင်စက်ရုံအလုပ်ရုံများ၊ ပုဂ္ဂလိကပိုင် စက်ရုံအလုပ်ရုံများ၊ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် စက်ရုံများပြန်လည်လည်ပတ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ရှိ အမှတ် (၇)အထည်စက်ရုံ (မြစ်သား)၊ ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း) တို့သို့ ရောက်ရှိပြီး စက်ရုံပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ပြုပြင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်၍ စိစစ်အကဲဖြတ်၍ ပြုစုမှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပြီး ဖွဲ့စည်းထားရှိသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ စစ်ဆေးတွေ့ရှိချက်များနှင့်အညီ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို  အစီအမံများ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသား  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပြန်သည့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်၊ အမိန့်၊ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ထိခိုက်ပျက်စီးခဲ့သည့် စက်ပစ္စည်းကိရိယာများကိုလည်း အမြန်ဆုံးစစ်ဆေးပြုပြင်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်များ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိခိုက်မှုမရှိသည့် စက်ပစ္စည်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စက်ရုံ၌ ဆောက်လုပ်ထားသည့် အဆောက်အဦများသည် ထုတ်ပြန်ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ နှင့် ကိုက်ညီမှုရှိ/မရှိ ပြန်လည်စစ်ဆေးထားရမည်ဖြစ်ကြောင်း၊ သွေးကြောသွင်းဆေးရည်များ သည် ပြည်သူလူထု၏ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြု၍ အမြန်ဆုံး လည်ပတ်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ပုဂ္ဂလိကမှ ဆောင်ရွက်လျက်ရှိသည့် စဉ့်ကိုင်မြို့နယ်ရှိ မြန်မာမန္တလေးဟူရှင်းစတီးလ်စက်ရုံတို့သို့ ရောက်ရှိပြီး ပြင်ထန်းသည့် မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများ၏ နေအိမ်အဆောက်အဦများ၊ စက်ရုံအလုပ်ရုံများ၊ ဆေးပေးခန်းများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဘိလပ်မြေများ၊ သံ/သံမဏိများ၊ အမိုး၊အမိုးပြားများ၊ အုတ်များ၊ အထပ်သားများ များစွာ လိုအပ်၍ အဆိုပါစက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်ချက်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ စက်ရုံအနေဖြင့် ထုတ်ကုန်ပစ္စည်းများ အရည်အသွေးစံချိန်စံညွှန်းပြည့်မီစေရေးအတွက် စက်ရုံရှိ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးသည့်အပြင် နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းများတွင်လည်း စမ်းသပ်စစ်ဆေး၍ အသိအမှတ်ပြုလက်မှတ်ရရှိအောင် ဆောင်ရွက်ထား ရမည်ဖြစ်ကြောင်း၊ သို့မှသာ စက်ရုံမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို သုံးစွဲသူပြည်သူများမှ ယုံကြည်စိတ်ချစွာအသုံးပြုလာမည်ဖြစ်ကြောင်း၊ သံ/သံမဏိများကို အရည်အသွေးကောင်းမွန်စေရန်နှင့် စံချိန်စံညွှန်များနှင့် ကိုက်ညီမှုရှိ/မရှိ စမ်းသပ်စစ်ဆေးမှုများနှင့်ပတ်သက်၍ နည်းပညာများကို မျှဝေပေးရမည်ဖြစ်ကြောင်း၊ သံနှင့်သံမဏိထုတ်ကုန်များ အရည်အသွေးကောင်းမွန်လျှင် မြေငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက သုံးစွဲသူပြည်သူ များ ထိခိုက်ပျက်စီးမှု၊ ဘေးအန္တရာယ်ဖြစ်ပွားမှုလျော့နည်းမည်ဖြစ်၍ အလေးထားဆောင်ရွက် ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံမဏိချောင်း အရွယ်အစားမျိုးစုံ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်အားပေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

Newspaper - 3467 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download