စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ စက်သုံးဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ စက်သုံးဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / January 22, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ စက်သုံးဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၁ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့နယ်၊ သောတပန်ရပ်ကွက်ရှိ အောင်မြေဦးဘုန်းတော်ကြီးသင်စာသင်ကျောင်းရှေ့၌ အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် စစ်ကိုင်းတောင်ရိုးလမ်းအတိုင်း စစ်ကိုင်းမြို့တွင်းမှ ရေခါးကျေးရွာဘက်သို့ ရေခါးကျေးရွာနေ ချစ်ကိုကို(၂၇)နှစ် မောင်းနှင်လာသည့် MDY-15/8C-XXXX I-ZONE LIGHT TRUCK မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာသည့် 92 ဓာတ်ဆီ ၅ ဂါလန်ခန့်ပါ အဝါရောင်ပလတ်စတစ်ပုံး ၆၅ ပုံး(၁ ဂါလန်လျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ကာလတန်ဖိုး ၃,၂၅၀,၀၀၀ ကျပ်ခန့်)အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ချစ်ကိုကို အား (ပ)၁၄/၂၀၂၆ ဖြင့် လည်းကောင်း။
အလားတူ စစ်ကိုင်းမြို့နယ်၊ ထုံးဘိုရပ်ကွက်နေ တရုတ်ကြီး(ခ)ဝင်းကျော်ဦး(၂၉)နှစ် မောင်းနှင်လာသည့် LIFAN အမျိုးအစား သုံးဘီးဆိုင်ကယ်ပေါ်မှ 92 ဓာတ်ဆီ ၅ ဂါလန်ခန့်ပါ အဖြူရောင်ပလတ်စတစ်ပုံး ၂၀ ပုံး၊ ပရီမီယံဒီဇယ်ဆီ ၅ ဂါလန်ခန့်ပါ အဖြူရောင်ပလတ်စတစ်ပုံး ၃၀ ပုံး(၁ ဂါလန်လျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ကာလတန်ဖိုး ၂၅ သိန်းကျပ်ခန့်)အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် တရုတ်ကြီး(ခ)ဝင်းကျော်ဦး အား (ပ) ၁၅/၂၀၂၆ ဖြင့် လည်းကောင်း စစ်ကိုင်းနယ်မြေရဲစခန်း၌ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အသီးသီးအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper - 3418 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
