စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်) ဖွင့်လှစ်ရေး အကြိုလုပ်ငန်းများ ဆောင်ရွက်ပြီးစီး
စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်) ဖွင့်လှစ်ရေး အကြိုလုပ်ငန်းများ ဆောင်ရွက်ပြီးစီး
Ministry of Information/ Naypyitaw / November 03, 2025
နေပြည်တော် နိုဝင်ဘာ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခန့်မွန်ဆွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်လှစ်ရေးအတွက် အကြိုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သင်ကြားရေး ဆရာ ဆရာမများနှင့် ရုံးလုပ်ငန်းဝန်ထမ်းများ လုပ်ငန်းခွင်ဝင်ရောက်ရန် အသင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးကြသည်။
ဦးစွာ တာဝန်ရှိသူများက စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)၏ ပင်မဆောင်တွင် ရုံးခန်း၊ စာသင်ခန်းများ နေရာချထားရန် လျာထားမှု၊ မြေနှင့် အဆောက်အအုံများ ပရိဘောဂများလွှဲပြောင်း လက်ခံရရှိမှု၊ ရုံးခန်းနှင့် ဝန်ထမ်းများအား ယာယီနေရာချထားမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ၏ ဖွဲ့စည်းပုံနှင့် ခွင့်ပြု ခန့်ထားအင်အားနှင့် ရန်ပုံငွေဆိုင်ရာများကို တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင် အရင်းအမြစ်များ တိုးမြှင့်မွေးထုတ်ပေးနိုင်ရန် နိုင်ငံတော်က မြန်မာနိုင်ငံအောက်ပိုင်းဒေသ၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် အသစ်တိုးချဲ့ဖွင့်လှစ်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) အနေဖြင့် ယခုနှစ်တွင် ပထမနှစ်ဘွဲ့ကြိုသင်တန်းကို စတင်ဖွင့်လှစ်မည်ဖြစ်ပြီး စာသင်နှစ်အလိုက် တန်းစဉ်များ တိုးမြှင့်ဖွင့်လှစ်ပေးသွားမည်ဖြစ်၍ လိုအပ်ချက်များကို ဦးစားပေးအလိုက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တက္ကသိုလ်၏ အဆောက်အအုံများ၊ လမ်းနှင့် ရေမြောင်းများ ပြင်ဆင်မွမ်းမံမှုဆိုင်ရာလုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများက ကဏ္ဍအလိုက် တာဝန်ခွဲဝေဆောင်ရွက်သွားမည်ဖြစ်၍ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တက္ကသိုလ်အဝင်မုခ်ဦးနှင့်လမ်းများ ပြင်ဆင်ဆောင်ရွက်နေမှု၊ ကျောင်းမျက်နှာစာရှိ မူလရေဝပ်နေရာအား ယာယီရေကန်ငယ်အဖြစ် ဆောင်ရွက်နေမှု၊ ကျောင်းအတွင်းရှိ ရုံးခန်းများ၊ စာသင်ခန်းများ၊ ဓာတ်ခွဲခန်းနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သင်ကြားရေး ဆရာ ဆရာမများ၊ ရုံးလုပ်ငန်းဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆိုလာမီးအိမ်များ ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းခြံစည်းရိုးများ ကာရံခြင်းလုပ်ငန်းခွင်နှင့် ရေနုတ်မြောင်းများ၊ ကျောင်းသား ကျောင်းသအဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ အားကစားကွင်းများ မွမ်းမံပြင်ဆင်ရန် ဆောင်ရွက်နေမှု၊ ကျောင်းသား ကျောင်းသူ ၂၀၀၀ အတွက် အဆောင်ဆောက်လုပ်ရန် ရွေးချယ်ထားသည့်မြေနေရာတွင် အောက်ခံမြေလွှာ စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3338 items
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
				
            
                            
                                