ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားနှင့် စာတမ်းဖတ်ပွဲ မင်္ဂလာအခမ်းအနား ဒုတိယနေ့ ဆက်လက်ကျင်းပ


Ministry of Information/ Naypyitaw / May 02, 2026
image_latest


ရန်ကုန် မေ ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲနှစ်(၇၀)ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားနှင့် စာတမ်းဖတ်ပွဲမင်္ဂလာအခမ်း အနားဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ဆက်လက်ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ ဆဋ္ဌသင်္ဂါယနာတင် မဟာထေရ်မြတ်တို့အား ပူဇော်သောအားဖြင့် နိုင်ငံတော်ဩဝါဒါစရိယ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဓမ္မိကာရာမကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇနပီယက အခမ်းအနားသဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက စွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရနှင့် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရတို့က သုတ္တန္တပိဋကတ်တော်ကို သင်္ဂါယနာ အမေးအဖြေပြုလုပ်ပြီး သံဃာတော် ၁၅ ပါးတို့က စုပေါင်း သံပြိုင်ရွတ်ဆိုပူဇော်ကြသည်။

ထို့နောက် စာတမ်းဖတ်ပွဲ သဘာပတိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရွှေဘိုဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာ လင်္ကာရာဘိဝံသက ဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူသည်။

ဆက်လက်၍ စာတမ်းဖတ်ပွဲသဘာပတိ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေး စာမေးပွဲဩဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင် လှရတနာဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနာရဒါဘိဝံသ မဟာထေရ်မြတ်က စာတမ်းများနှင့်စပ်လျဉ်း၍ လျှောက်ထားသည်။

ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ ဒေါက်တာ ဘဒ္ဒန္တကေတုက “မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသင်္ဂါယနာတင်သမိုင်း” စာတမ်းကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပိဋကသုံးပုံ နိကာယ်ကျောင်းတိုက် မော်ကျွန်း ဆရာတော် တိပိဋကဓရဓမ္မဘဏ္ဍာ ဂါရိကဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသက “ကမ္ဘာပေါ်တွင် ပညာဉာဏ် အရည်အချင်းစစ် အရှည်ကြာဆုံးစာမေးပွဲ (တိပိဋကဓရ တိပိဋကကောဝိဒ)” စာတမ်းကိုလည်း ကောင်းဖတ်ကြားကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများကမေးခွန်းများ မေးမြန်းလျှောက်ထားကြရာ စာတမ်းရှင် ဆရာတော်များက ပြန်လည်ဖြေကြားကြသည်။

မွန်းလွဲပိုင်းတွင် အခမ်းအနားကိုဆက်လက်ကျင်းပရာ စာတမ်းဖတ်ပွဲသဘာပတိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ နေနတ်သားဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တက ဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူသည်။

ယင်းနောက် မန္တလေးမြို့ မြတောင်ပရိယတ္တိစာသင်တိုက် တိုင်းကြည်အဘိဝံသကျောင်း ပညာရေးဗဟိုအဖွဲ့ခွဲဥက္ကဋ္ဌ (ဓမ္မာစရိယ) အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တပညာသာမီဘိဝံသက “ပိဋကတ်တော်ဆောင် သံဃာရတနာများ ပွင့်ထွန်းရာမြေ” စာတမ်းကိုဖတ်ကြားပြီး သီရိလင်္ကာနိုင်ငံ အမရပူရနိကာရ မဟာနာယက ဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တကရန်ဂေါဓ ဥယျမ်ဂေါဓ မိဿရိမာသီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္တခေမာစာရတို့က သဝဏ်လွှာများ ဖတ်ကြားကြသည်။

ဆက်လက်၍ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မော်ကွန်းထိန်း ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကုမုဒက “ဆဋ္ဌသင်္ဂါယနာတင်ပါဠိရိုမန်ကျောက်စာတင်ခြင်းနှင့် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာခဲစာလုံးမူမှ ကွန်ပျူတာမူသို့” စာတမ်းကိုဖတ်ကြားပြီး ဆရာတော်များနှင့် တက်ရောက် လာကြသူများက သိလိုသည်များ မေးမြန်းလျှောက်ထားကြရာ စာတမ်းရှင်ဆရာတော်က ပြန်လည်ဖြေကြားပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ် ဆရာ တော်အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဆေကိန္ဒက AI နည်းပညာနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဖြေကြားတော်မူသည်။

ထို့နောက် ဩစတြေးလျနိုင်ငံ မဟာယာနဆရာတော် ဘဒ္ဒန္တသစ်ကွမ်ဘ၊ သီရိလင်္ကာနိုင်ငံမှ ပါမောက္ခ ဒေါက်တာဘဒ္ဒန္တမေဓဂ မိတိရေဝိဇိတဓမ္မနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ဒေါက်တာ ယွန်ဆင်ယိတ်တို့က သဝဏ်လွှာများ ဖတ်ကြားကြသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခမဟာဂန္ထ ဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တစန္ဒမုခက “ပိဋကသုံးပုံနှင့် မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓသာသနာ” စာတမ်းကိုဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

Newspaper - 3513 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download