ဆရာဝန်(သစ်လွင်)နှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်


Ministry of Information/ Naypyitaw / July 19, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၈

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့တွင် ဆရာဝန် (သစ်လွင်) နှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်းအခမ်းအနား ဒုတိယပိုင်းသို့ တက်ရောက်သည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာပြီဖြစ်သဖြင့် ရင့်ကျက်မှု၊ တည်ငြိမ်မှုရှိရန်၊ အရာရာကို ကျယ်ပြန့်သည့်အမြင်ဖြင့် ကြည့်ရှုဆင်ခြင်နိုင်ကြရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြရန် လိုပါကြောင်း၊ ဆေးပညာရှင်အနေဖြင့် သက်မွေးမှုဆိုင်ရာ ကျင့်ဝတ်(Professional Ethic) များ၊ ဆေးပညာရှင်များ လိုက်နာရမည့်ကျင့်ဝတ်(Medical Ethic) များကို အလေးထားပြီး လိုက်နာဆောင်ရွက်ရမည့်အပြင် နိုင်ငံ့ဝန်ထမ်းတစ်ဦး လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်များကို သိရှိလိုက်နာစောင့်ထိန်းကြရန်ဖြစ်ပါကြောင်း၊ မိမိတို့၏ ကျွမ်းကျင်ရာပညာရပ်များကို ပြည်သူလူထုအတွက် အသုံးချနိုင်ရမည်ဖြစ်သကဲ့သို့ နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် ကျေးဇူးသစ္စာစောင့်သိရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးခင်နှင့် မြန်မာနိုင်ငံ သွားနှင့်ခံတွင်းကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာပိုင်စိုးတို့က ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆရာဝန် (သစ်လွင်)များ၊ သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များ လိုက်နာကြရမည့် ကျင့်ဝတ်စည်းကမ်း များကို ရှင်းလင်းပြောကြားကြ သည်။

ယနေ့ ကျင်းပပြုလုပ်သည့် ဆရာဝန် (သစ်လွင်) နှင့် သွားနှင့် ခံတွင်းဆရာဝန် (သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်းအခမ်းအနားတွင် ဆေးတက္ကသိုလ်များမှ သင်တန်းအောင်မြင်ပြီးဖြစ်သော ဆရာဝန်(သစ်လွင်) ၁၂၅၉ ဦးနှင့် သွားနှင့်ခံတွင်း ဆရာဝန် (သစ်လွင်) ၂၁ ဦးတို့အား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3537 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download